
ခေတ်မမီတော့သည့် ၁၉၆၄ ခုနှစ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (က.ည.န) ဥပဒေများ ပြင်ဆင်ရာတွင် တစ်နှစ်တစ်ကြိမ် မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုး လုပ်ငန်းစဉ်များကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်လျက် ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။
နိုင်ငံတကာတွင်လည်း ပုဂ္ဂလိကကသာ လုပ်ကိုင်သည့်အတွက် ယင်းဥပဒေကို ပြင်ဆင်ခြင်း ဖြစ်ကြောင်း က.ည.နထံမှ သိရသည်။
“တင်ဒါ ခေါ်ရဦးမှာပါ။ အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ၁၉၆၄ ခုနှစ် ဥပဒေ ပြင်ဆင်ခြင်းကို မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ရာ ရှေ့နေချုပ်ရုံးက ထပ်မံ ဖြည့်စွက်ချက်များ ပေးထားသည့်အတွက် က.ည.နက အမြန်ဆုံး ပြန်လည် တင်ပြနိုင်ရန် လုပ်ဆောင်နေကြောင်း က.ည.န ရုံးချုပ်ထံမှ သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုများကိုလည်း ပိုမိုတင်းကျပ်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.