0


သုဝဏ္ဏ အားကစားကွင်းတွင် ရွှေသားစင်စစ်ဖြင့်ပြုလုပ်ထားသော FIFA ကမ္ဘာ့ဖလားဆုကြီးကို ထောင်ပေါင်းများစွာသော ပရိသတ်များအနေနှင့် ရှားရှားပါးပါး ကိုယ်တိုင်ကိုယ်ကျအနီးကပ် တွေ့မြင်ခွင့် ရရှိခဲ့ကြပါသည်။ မြန်မာ့ဘောလုံးအဖွဲ့ချုပ်နှင့် Coca-Cola တို့မှပူးပေါင်း၍ FIFA ကမ္ဘာ့ဖလားဆုကြီး ခရီးစဉ်အဖြစ် ပရိတ်သတ်များ ပျော်ပွဲရွှင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပေးခဲ့ပါသည်။


အစီအစဉ်အရ ဂိတ်ပေါက်များကို ဖွင့်ပေးမည့် မနက် (၁၀) နာရီ မတိုင်မှီ မနက်ခင်းကတည်းက တန်းစီနေသည့် ပရိတ်သတ်များသည် စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်တန်းစီနေကြပါသည်။ တစ်ခုတည်းသော FIFA ကမ္ဘာ့ဖလားဆုကြီးကို ကိုယ်တိုင်အနီးကပ်တွေ့မြင်ရ လိုက်သည့် အခါမှာတော့ ပရိတ်သတ်များ၏ စိတ်လှုပ်ရှားမှုများ သည် ပျော်ရွှင်မှုအပြုံးများဖြင့် ဝေဆာသွားခဲ့ပါသည်။ Coca-Cola မှအထူးအစီအစဉ်အဖြစ် တင်ဆက်သည့် ရောင်စဉ်တန်းများဖြင့် သရီးဒီပုံဖော်မှုကို ရှုမြင်လိုက်ရသည့် အချိန်မှာ ပရိတ်သတ်များ၏ အာရုံတွင် အံသြမှင်သက်မှုများဖြင့်စွဲကျန်ခဲ့ပါသည်။ ထို့အပြင် ပရိသတ်များသည် ၂၀၁၄ FIFA ကမ္ဘာ့ဖလား လာဘ်ကောင်အရုပ်နှင့် ဓာတ်ပုံတွဲရိုက်ကြပြီး ပရိတ်သတ်များသည် အရသာရှိပြီး လန်းဆန်းစေသည့် Coca-Cola အချိုရည်အေးအေးလေးများကို သောက်သုံးရင်းပျော်ရွှင်နေကြပါသည်။ ထို့နောက် မြူးကြွလှပသည့် အက တင်ဆက်မှုများနှင့် ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲ၍ အိမ်အပြန်အမှတ်တရ Coca-Cola စတစ်ကာများနှင့် CD များကို လက်ဆောင်အဖြစ် ယူသွားခဲ့ကြပါသည်။ ဤတွင်မက Coca-Cola ၏ အမှတ်တံဆိပ် သံတမန်များဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer တို့က ညနေခင်းဆည်းဆာအချိန်တွင် သီဆိုကပြဖျော်ဖြေမှုများဖြင့်လည်း စီစဉ်တင်ဆက်ခဲ့ပါသည်။



Coca-Cola Myanmar ၏ Marketing Director ဖြစ်သူ Rommel Fuentebella “Coca-Cola ဟာ ဘောလုံးအားကစား ကိုချစ်တဲ့ မြန်မာလူမျိုးတွေကို FIFA ကမ္ဘာ့ဖလားဆုကြီး လှည့်လည်ပြသရေး တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးစဉ်နဲ့ ချိတ်ဆက်ပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီကနေ့ Coca-Cola ပရိတ်သတ်တွေထံမှ အားတတ်သရော တုံပြန်ပါဝင်မှုများက မြန်မာပြည် အနေဖြင့် ကမ္ဘာပေါ်မှာ နေရာတစ်ခုအနေနဲ့ရပ်တည်တာကို ပြသလိုက်တာပါပဲ။

Coca-Cola ဟာ မြန်မာလူငယ်တွေကို သူတို့ရဲ့ဝါသနာနဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာစေဖို့ ဆက်လက် လန်းဆန်းနေအောင် အားဖြည့်ပေးသွားဖို့ မျှော်လင့်ပါတယ်” ဟု ပြောပါသည်။

“ဘောလုံးပရိသတ် တစ်ယောက်အနေနဲ့ FIFA ကမ္ဘာ့ဖလားကို တီဗီပေါ်မှာပဲ ကြည့်ဖူးတဲ့အတွက် တကယ့် FIFA ကမ္ဘာ့ဖလားဆုကြီးအစစ်ကို အနီးကပ် မြင်တွေ့ခွင့်ရလိုက်တာဟာ ကျွန်တော့်အတွက်တော့ တစ်ကယ့်ကို ထူးခြားတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေဟာ ဒီလိုပွဲမျိုးကို အရင် ဘယ်တုန်းကမှ မကြုံတွေ့ဖူးပါဘူး။ အခုအချိန်မှာ ရရှိတဲ့ ပျော်ရွှင်မှုအတွက်လည်း Coca-Cola ကို ကျေးဇူးတင်ပါတယ်” ဟု အသက် ၂၀ အရွယ် မောင်စိုင်းသူရစိုး က ပြောသည်။

FIFAကမ္ဘာ့ဖလားဆုကြီး မြန်မာနိုင်ငံကို ရောက်ရှိမှုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက 

www.facebook.com/cocacolamyanmar, www.facebook.com/trophytour, http://www.fifa.com/trophytour
 နှင့် Twitter:@trophytour တို့တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။



Ref-Myanmar ict News




http://layuethonthon.blogspot.com 



Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top