မန်ချက်စတာ စီးတီး အသင်းဟာ ယမန်နေ့ညက ဘိုင်ယန်မြူးနစ် အသင်းနှင့်
ယှဉ်ပြိုင် ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ၂-၃ ဂိုး
ဖြင့် အနိုင်ရရှိခဲ့သော်လည်း အုပ်စု ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ကြသည်။
အုပ်စု ဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့ ရသည့် အကြောင်းရင်း များထဲမှာ
နည်းပြဖြစ်သူ ပယ်လီဂရီနီ၏ မိုက်မဲမှု တစ်ခုကလည်း အဓိက အကြောင်း တစ်ခုအဖြစ်
ပါဝင်ခဲ့သည်။
မန်ချက်စတာစီးတီးအသင်းဟာ ပွဲချိန် ၁၂ မိနစ်မှာပင် ၂ ဂိုးပြတ်
ရှုံးနိမ့်နေသော်လည်း ဆေးလ်ဗား၊ ကိုလာရော့ဗ်၊ မီလ်နာတို့၏ သွင်းဂိုး
များဖြင့် အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ယူနိုင်ခဲ့သည်။ အဆိုပါ
နိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ရမှတ် ၁၅ မှတ်စီ
တူညီခဲ့သော်လည်း အုပ်စု ဒုတိယနေရာမှာ သာ ရပ်တည်ခဲ့သည်။
ချန်ပီယံလိဂ် ပြိုင်ပွဲ၏ စည်းမျဉ်းများအရ အကယ်၍ အသင်းနှစ်သင်း ရမှတ်
တူညီပါက ထိပ်တိုက် တွေ့ဆုံမရ ရလာဒ်ဖြင့် အဆင့်သတ်မှတ်မည် ဖြစ်သည်။
မန်စီးတီး အသင်းဟာ ၆၂ မိနစ်မှာ မီလ်နာ၏ သွင်းဂိုးဖြင့် အနိုင်ရရှိနေသည့်
အချိန်မှာ နောက်ထပ် တစ်ဂိုး သွင်းယူနိုင်ဖို့ မကြိုးစားခဲ့ပဲ ၂ ဂိုး
သွင်းယူဖို့ လိုအပ်နေသေးသည်ဟု အောက်မေ့နေခဲ့ကြသည်။
ထိပ်တိုက်တွေ့ဆုံမှု အရ မန်စီးတီးကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက ၁-၃
ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အကယ်၍ ဘိုင်ယန်မြူးနစ်ကွင်းမှာ မန်စီးတီး
အသင်းက ၂-၄ ဂိုးဖြင့် အနိုင်ရပါက အဝေးဂိုး ပိုမိုသွင်းယူနိုင်သည့်
မန်စီးတီး အနေနှင့် အုပ်စုဗိုလ်ဖြစ်နိုင်သည့် အခွင့်အလမ်းရှိနေသည်။
မန်စီးတီး နည်းပြဖြစ်သူ ပယ်လီဂရီနီဟာ အသင်း၏ အကောင်းဆုံး တိုက်စစ်မှူး
ဖြစ်သူ အဂူရိုကို အရံခုံမှာသာ ထားခဲ့ပြီး နောက်ထပ် တစ်ဂိုး
သွင်းယူနိုင်လျှင် အုပ်စုဗိုလ် ဖြစ်နိုင်သည့် အခွင့်အလမ်း
ရှိနေချိန်မှာတောင် ထည့်သွင်း အသုံးပြုခြင်း မရှိခဲ့ပေ။
ထို့အပြင် အထောင်တိုက်စစ်မှူး ဖြစ်သူ ဇစ်ကို ကို ထုတ်ပြီး
ကွင်းလယ်ကစားသမား ရော့ဒ်ဝဲလ်ကိုပင် လူစားဝင် ကစားစေခဲ့သည်။ တစ်ဂိုး
သွင်းယူနိုင်ဖို့ မိနစ် ၃၀ ခန့် အချိန်ရနေသေးသည့် အချိန်မှာ အကောင်းဆုံး
တိုက်စစ်မှူးကို ထည့်သွင်းအသုံးပြုခြင်း မရှိသည့် ပယ်လီဂရီနီအပေါ်
လီဗာပူးလ်နည်းပြဟောင်း ဖြစ်သူ ဂရေမီ ဆောင်းနက်စ်က အပြင်းအထန်
ဝေဖန်ပြောကြားခဲ့သည်။
“ပယ်လီဂရီနီ တစ်ယောက် ဂိုးကွာခြားချက် ဆိုတာကို ကောင်းကောင်း
နားလည်ရဲ့လား မသိဘူး။ အထောင်တိုက်စစ်မှူး ဇစ်ကိုကို ထုတ်ပြီး
ကွင်းလယ်တိုက်စစ် ရော့ဒ်ဝဲကို ထည့်လိုက်တဲ့ ဒီလူစားလဲမှုဟာ ဒီရာသီရဲ့
အထူးဆန်းဆုံး လူစားလဲမှုပါ။ ကျနော် ပြောချင်တာကတော့ သူတို့ ဒီအကြောင်းကို
မပြောခဲ့ကြဘူး ထင်တယ်။ အရံခုံမှာ ထိုင်နေကြတဲ့သူတွေပေါ့။ ဘရိုင်ယန်ကစ်
အပါအဝင် တစ်ခြား နည်းပြတွေရောပါပဲ။ တကယ်လို့ ၂-၄ ဂိုး ဖြစ်သွားရင် သူတို့
ကျော်ဖြတ်နိုင်မယ်ဆိုတာ သတိထားမိကြပုံ မပေါ်ဘူး။” ဟု စကိုင်းစပေါ့တ်မှာ
ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ခြင်း ဖြစ်သည်။
ပယ်လီဂရီနီ အနေနှင့်လည်း မန်စီးတီးအသင်း အုပ်စုဗိုလ်ဖြစ်ရေးအတွက် ၅ ဂိုး
သွင်းယူဖို့ လိုမည်ဟု တွေးထင်နေခဲ့ခြင်း ဖြစ်သည်။
ပွဲအပြီးမေးမြန်းချက်များကို ဖြေကြားရာမှာ “ကျနော်တို့ တကယ်လို့ ၎
ဂိုးမြောက် ဂိုးသွင်းယူနိုင်မယ်ဆိုရင် အပြောင်းအလဲ တစ်ချို့ လုပ်ခဲ့မှာပါ။
အုပ်စုဗိုလ်ဖြစ်ဖို့ ဆိုတာ အရေးကြီးတဲ့ အရာတစ်ခုပါ။ ဒါပေမယ့်
အရေးအကြီးဆုံးအရာတော့ မဟုတ်ပါဘူး။” ဟု ပြောကြားခဲ့သည်။ ပယ်လီဂရီနီသာ မက
မန်စီးတီး အသင်းသားများ ကိုယ်တိုင်ကလည်း နောက်ထပ် တစ်ဂိုး သွင်းယူနိုင်ပါက
အုပ်စုဗိုလ်ဖြစ်မည်ကို သတိမထားမိခဲ့ကြပေ။
အနိုင်ဂိုး သွင်းယူနိုင်ခဲ့သူ မီလ်နာ ကိုယ်တိုင်က “ကျနော်တို့
အုပ်စုဗိုလ် မဖြစ်ခဲ့တဲ့အတွက် နည်းနည်း စိတ်မသက်မသာ ဖြစ်ရပါတယ်။ ၂-၎
ဂိုးဆိုရင် အုပ်စုဗိုလ် ဖြစ်မယ်ဆိုတာ ကျနော်တို့ မသိခဲ့ပါဘူး။ အရိုးသားဆုံး
ပြောရရင် ၂-၅ ဂိုး ဖြစ်ဖို့ လိုနေတယ်လို့ ထင်ခဲ့ကြတာပါ။” ဟု
ပြောကြားသွားခဲ့သည်။ မန်ချက်စတာစီးတီး အသင်းဟာ အကယ်၍ အုပ်စုဗိုလ်
ဖြစ်ခဲ့ပါက ရီးရဲမက်ဒရစ်၊ ပီအက်စ်ဂျီ၊ အက်သလက်တီကို မက်ဒရစ်၊
(ဘာစီလိုနာ/အေစီမီလန်)၊ ဒေါ့မွန်(အုပ်စုဗိုလ်ဖြစ်ဖို့ မသေချာသေး) အစရှိသည့်
အသင်းကြီးများနှင့် တွေ့ဆုံမည့် အရေး ရှောင်လွှဲနိုင်မည် ဖြစ်သော်လည်း
ယခုမူ ဒုတိယနေရာသာ ရပ်တည်နိုင်ခဲ့သည့်အတွက် ရှုံးထွက်အဆင့်မှာ
အသင်းကြီးများနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
Ref - http://football-cafe.com
ရိုးရာလေး
http://layuethonthon.blogspot.com
Home
»
အားကာစား
»
ဘောလုံး
» နည်းပြဖြစ်သူ၏ မိုက်မဲမှုကြောင့် ချန်ပီယံလိဂ် အုပ်စုဗိုလ်ဖြစ်ခွင့် ဆုံးရှုံးခဲ့ရသည့် မန်စီးတီး
Related Posts
ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်
မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။ ရှက[...]
Dec 14, 2013မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်
ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျ[...]
Dec 14, 2013ပရီးမီးယားလိဂ်ကို အရှိန်မြှင့်ပေးလိုက်တဲ့ပွဲစဉ်(၁၆)
အခုရာသီတွင် နောဝစ်ခ်ျကို (၇)ဂိုး၊ စပါးကို (၆)ဂိုးသွင်းယူနိုင်ခဲ့သည့် မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲ[...]
Dec 14, 2013ဘာစီလိုနာ အသင်းက မန်စီးတီး အသင်းနဲ့ ထိပ်တိုက်တွေ့ ရမှာကို ထိတ်လန့် နေပါတယ် (ရာရာ တိုရေး)
မန်စီးတီး အသင်း၏ အားထားရတဲ့ ကွင်းလယ် ကစား သမားဖြစ်တဲ့ ရာရာတိုရေးက ချန်ပီယံလိဂ် ရှုံးထွက် ပွဲ[...]
Dec 27, 2013FIFA ကမ္ဘာ့ဖလားဆုကြီးကို အမှတ်တရ မြင်တွေ့နိုင်ရန် မြန်မာနိုင်ငံရှိ လူထောင်ပါးမျာစွာထံ coca-cola က တင်ဆက်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.