0


Sony ကတော့ Smartphone နဲ့ Tablet တွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်မဲ့ USB Flash Drive ကို မိတ်ဆက်လိုက်ပါပြီ ။ ဒီ Flash Drive ရဲ့ အစွန်းတစ်ဘက်မှာ USB Connector ပါရှိပြီးတော့ ၊ နောက်တစ်ဖက်မှာတော့ Micro-USB ထည့်သွင်းအသုံးပြုလို့ရတဲ့ အတွက်ကြောင့် သူဟာ “2 in 1 Flash Drive” အမျိုးအစား ဖြစ်ပါတယ် ။ ဒါကြောင့် ဒီ Flash Drive ဟာ သင့်ရဲ့ PC ကနေ Mobile ၊ Mobile ကနေ PC စသည်အားဖြင့် အပြန်အလှန် Files တွေကို ကူးပြောင်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ် ။ သင့်ဖုန်းရဲ့ Micro SD Card ထဲမှာ Storage Space မလုံလောက်တော့ရင်ပဲဖြစ်ဖြစ် ၊ သင့်အနေနဲ့ ဖိုင်ဆိုဒ် ကြီးတဲ့ Movies တွေကို သင်သွားလိုရာ ယူသွားပြီး ကြည့်ချင်ရင်ပဲ ဖြစ်ဖြစ် ၊ ဒီ Flash Drive လေးက အကူအညီ ပေးနိုင်ပါလိမ့်မယ် ။ Sony ရဲ့ Flash Drive ကို Storage ပေါ်မူတည်ပြီးတော့ 8 GB ၊16 GB နဲ့ 32 GB ဆိုပြီး တော့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ် ။


ဒီ Flash Drive တွေဟာ Android Version 4.0.3 ကနေပြီးတော့ 4.3 အထိ အဆင်ပြေစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ် ။ Sony ရဲ့ ပြောကြားချက်အရ နောက်ပိုင်းမှာ Android 4.4 အထိ အဆင်ပြေစွာ Support လုပ်နိုင်မယ်လို့ သိရပါတယ် ။ ဒီ Flash Drive တွေအတွက် File Manager Application ကိုလည်း Google Play ကနေတစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ် ။ Sony ရဲ့ ဒီ Flash Drive တွေဟာ ၂၀၁၄ January နောက်ပိုင်းမှာမှ ဈေးကွက်ထဲကို ရောက်ရှိမယ်လို့ သိရပါတယ် ။ ဈေးနှုန်းတွေ ကတော့ Storage ပေါ်မူတည်ပြီး US Dollar 19.99 ၊ 29.99 ၊ 62.99 တို့ဖြစ်ကြပါတယ် ။


Thu Ya 

Ref=Myanmar iCT News

Post a Comment

 
Top