0
ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီး မြန်မာနိုင်ငံသို့ရောက်ရှိလာရန် တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ပါသည်။ Coca-Cola မှသယ်ဆောင်လာမည့် ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီးခရီးစဉ်အရ အားကစားလောကတွင် နာမည်အကျော်ကြားဆုံး ကမ္ဘာ့ဖလားမှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရောက်ရှိလာသည့်အခါ မြန်မာပရိသတ်များအနေဖြင့် တစ်ခုတည်းသော ဆုဖလားကို မြင်တွေ့ခွင့်ရကြမည်ဖြစ်ပြီး ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီးခရီးစဉ်၏ အံ့သြမှင်သက်ဖွယ် ဖျော်ဖြေတင်ဆက်မှုများကိုပါ တွေ့ကြုံခံစားရမည်ဖြစ်သည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဖီဖာကမ္ဘာ့ဖလားကို မြန်မာနိုင်ငံသို့ သယ်ဆောင် လာရာတွင် ရန်ကုန်-မြစ်ကြီးနားလေကြောင်းအသွားအပြန်ခရီးစဉ် ၇၉ ကြိမ်နှင့်ညီမျှသည့် မိုင်ပေါင်း ၉၂,၀၀၀ကျော် ခရီးစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကမ္ဘာ့ဖလားခရီးစဉ်သီးသန့်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ သယ်ဆောင်လာ မည်ဖြစ်ပါသည်။ Coca-Cola နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာ(FIFA) တို့သည် ၉ လကျော်အကြာ အကြီးဆုံးနှင့် အရှည်လျားဆုံးခရီးစဉ်အဖြစ် နာမည်ကျော် ဖီဖာကမ္ဘာ့ဖလားကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၉၀ သို့ သယ်ဆောင်ပြသလျက်ရှိပါသည်။

လူအများမျှော်လင့်စောင့်စားနေသည့် ၂၀၁၄ ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီးခရီးစဉ်အတွင်း ကမ္ဘာတစ်ဝန်းမှ ပရိတ်သတ်ပေါင်း တစ်သန်းကျော်သည် ဘောလုံးလောက၏ လူတိုင်းလိုချင်တပ်မက်ကြသည့် ဆုဖလားကို တွေ့ကြုံခံစားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဖလားဒိုင်းဆုကြီးခရီးစဉ် ကို တစ်ကြိမ်တစ်ခါမှ လက်ခံကြိုဆိုခွင့်မရရှိသေးသည့် နိုင်ငံပေါင်း ၅၀ ကျော်ကို လှည့်လည်ရောက်ရှိလာမည် ဖြစ်ပါသည်။

Coca-Cola အနေဖြင့် ၂၀၀၆ ခုနှစ်ကတည်းကစတင်ပြီး ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီးခရီးစဉ်အား စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

“ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီးခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လျက်ရှိတဲ့ ကောင်းမွန်တဲ့ပြုပြင်ပြောင်းလဲမှုတွေရဲ့ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံကလူထုကို ဘောလုံးသမိုင်းကြောင်းရဲ့ ခမ်းနားတဲ့ အစိတ်အပိုင်းတစ်ရပ်နဲ့ ထိတွေ့ဆက်သွယ်ခွင့်ရစေဖို့ Coca-Cola အတွက် ထူးကဲတဲ့ အခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံက ပရိတ်သတ်တွေရဲ့ ဘောလုံးအားကစားအပေါ် မြတ်နိုးခုံမင်စိတ်ကိုလည်း တစ်ကမ္ဘာလုံးနဲ့ အတူ ဝေမျှခံစားခွင့်ရရှိစေရန်ဖြစ်ပါတယ်”ဟု Coca-Cola Myanmar ၏ ဈေးကွက်ဆိုင်ရာဒါရိုက်တာ Rommel Fuentebella က ဆိုပါသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ သုဝဏ္ဏအမျိုးသားမိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားဒိုင်းဆုကြီးအစီအစဉ်၏ ပရိသတ်များနေ့တွင် ပရိသတ်ပေါင်း ၁၆၀၀၀ ကျော် တက်ရောင်ပါဝင်ဆင်နွှဲကြမည်ဟု မျှော်လင့်ထားပါသည်။ ပရိသတ်များနေ့၌ ပါဝင်ဆင်နွှဲကြမည့်သူများအနေဖြင့် တစ်ခုတည်းသော ဖီဖာကမ္ဘာ့ဖလားအစစ်ကို အနီးကပ် ရှုမြင်ခံစားရမည်ဖြစ်ပြီး ကိုယ်ပိုင်သီးသန့်ဓာတ်ပုံများ ရရှိမည်ဖြစ်ကာ အံ့သြမှင်တတ်လောက်စေမည့် သရီးဒီဟော်လိုဂရမ်တင်ဆက်မှုများကို တွေ့ကြုံခံစားရမည် ဖြစ်သည်။

ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် မြန်မာအမျိုးသားလက်ရွေးစဉ်ဘောလုံးအသင်းနှင့် အမျိုးသမီးလက်ရွေးစဉ်ဘောလုံးအသင်းတို့ မှ ဘောလုံးအကျော်အမော်အချို့နှင့်လည်း တွေ့ဆုံခွင့်ရရှိကြမည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် ပါဝင်ဆင်နွှဲကြသူများသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ပျော်ရွှင်စွာ အတူပါဝင်ကစားနိုင်မည့် ကစားပွဲ အစီအစဉ်များ၊ တိုက်ရိုက် ဂီတဖျော်ဖြေတင်ဆက်မှုအစီအစဉ်များနှင့် အရသာရှိပြီး လန်းဆန်းစေမည့် Coca-Cola အေးအေးလေး တို့ကိုပါ ခံစားရမည်ဖြစ်ပါသည်။

FIFA World Cup Trophy Tour by Coca-Cola in Myanmar TVC-http://tinyurl.com/p2llcmd


Ref-Myanmar iCT News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top