0

အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိ ချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။ ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။ Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ရောဂါပိုးအသွင်ကို ပြောင်းလဲသွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။
ရေသန့်ဘူး တွေဟာ သာမန် အခန်းအပူချိန်မှာ ထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ်စတစ်နဲ့ ဓာတုဗေဒဓာတ်များ လောင်ကျွမ်းပြီး လူတို့ရဲ့  ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။ ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူလွန်ကဲနေသော နေရာနဲ့ ကားအတွင်းခန်းတို့လိုနေရာမှာ ထားခြင်းတို့ကို ရှောင်ကြဉ်ပြီး သောက်သုံး မှုကို မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရပါတယ်။


 Post by အောင်ခန်း

Ref & Credit To ရိုးရာလေး


http://layuethonthon.blogspot.com


Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top