မန်စီးတီး အသင်း၏ အားထားရတဲ့ ကွင်းလယ် ကစား သမားဖြစ်တဲ့ ရာရာတိုရေးက
ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်မှာ ထိပ်တိုက် တွေ့ရမည့် ဘာစီလိုနာ အသင်းသည်
မိမိတို့ အသင်းအား ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း သူ့အသင်း ဟောင်းအပေါ်
စကားစစ်ထိုး သည့်အနေဖြင့် ပြောကြားခဲ့ ပါတယ်။
နည်းပြ ပယ်လီဂရိုနီရဲ့ မန်စီးတီး အသင်းသည် စပိန်ထိပ်သီး ကလပ်ဖြစ်သည့်
ဘာစီလိုနာ အသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ
နှင့် မတ်လများ အတွင်းတွင် ယှဉ်ပြိုင် ကစားရတော့မည် ဖြစ်ပြီး နောက်တစ်ဆင့်
တက်ရေးအတွက် ယုံကြည်မှု အနည်းငယ် လျော့နေရတဲ့ အခြေအနေ ဖြစ်နေ ပါတယ်.။
မန်စီးတီး အသင်းသည် အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ် (၈)ပွဲကိုအနိုင်
ရရှိထားပြီး ရဂိုး ၃၅ ဂိုး အထိရယူထားနိုင် နေပါတယ်။
"မဲခွဲမှုတွေပြီး ဆုံးပြီးနောက် ကျွန်တော့် အသင်းဟောင်းမှ အမည်မဖော်လိုသူ
ကစားသမားတစ်ယောက်ဆီက ဖုန်းဆက်ပြောကြားမှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်"
ဆိုပြီး ရာရာတိုရေးက Manchester Evening News သို့ပြောကြား ခဲ့ပါတယ်။
အရင်ဖြတ်သန်း ခဲ့မှုတွေ အရ အသင်း တိုင်းကို နိုင်ပွဲအသီးသီးရနေတာကြောင့်
ယုံကြည်မှု တိုးနေသော်လည်း မန်စီးတီးအသင်းကို တွေ့ဆုံဖို့ ဘာစီလိုနာ
အသင်းသည်ကြောက်ရွ့ံနေကြောင်းကို ရာရာတိုရေးက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
ကျွန်တော် တို့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေခ ကိုကြည့်ပြီး
သူတို့အနေနဲ့ တိတ်တဆိတ် စိုးရိမ်စိတ်တွေ ၀င်နေပြီး လန့်နေခြင်း ဖြစ်မယ်လို့
ရာရာတိုရေး ကထပ်လောင်းပြောခဲ့ ပါသေးတယ်။ Boxing day ကာလအတွင်း ယနေ့ည
ကန်ရမည့် လီဗာပူး အသင်းနဲ့ ပွဲစဉ် အပေါ်လည်း " လီဗာပူးက ထိပ်ဆုံးမှာ
ရပ်တည်နေတဲ့ အသင်းပါ" ပြီးနောက် " ကျွန်တော်တို့ အကောင်းဆုံး အသင်းကို
ကျွန်တော်တို့ အိမ်ကွင်းမှာ အနိုင်ထပ်ယူပြပြီး ကျွန်တော် အသင်း
ဟာတကယ့်ကြီးကျယ် ခမ်းနားပြီး အဆုံးသတ် သွင်းဂိုး တွေ ကောင်းတဲ့
အသင်းဖြစ်တယ် ဆိုတာကို သက်သေ သာဓကပြမယ်၊ ဒီနေ့ပွဲကို နောက်ယှဉ်ပြိုင်ရမည့်
ခရီးကြမ်းတွေ အတွက်ပါ ကြိုတင်ပြင် ဆင်သည့်အနေနဲ့ အကောင်းဆုံး
ပုံစံရရှိအောင် ကြိုးစား ကစားသွားမှာပါ " ဟုလည်း ရာရာတိုရေး ကပြောကြား
ခဲ့ပါတယ်။
Ref - http://football-cafe.com/
Home
»
အားကာစား
»
ဘောလုံး
» ဘာစီလိုနာ အသင်းက မန်စီးတီး အသင်းနဲ့ ထိပ်တိုက်တွေ့ ရမှာကို ထိတ်လန့် နေပါတယ် (ရာရာ တိုရေး)
Related Posts
ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်
မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။ ရှက[...]
Dec 14, 2013မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်
ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျ[...]
Dec 14, 2013ပရီးမီးယားလိဂ်ကို အရှိန်မြှင့်ပေးလိုက်တဲ့ပွဲစဉ်(၁၆)
အခုရာသီတွင် နောဝစ်ခ်ျကို (၇)ဂိုး၊ စပါးကို (၆)ဂိုးသွင်းယူနိုင်ခဲ့သည့် မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲ[...]
Dec 14, 2013FIFA ကမ္ဘာ့ဖလားဆုကြီးကို အမှတ်တရ မြင်တွေ့နိုင်ရန် မြန်မာနိုင်ငံရှိ လူထောင်ပါးမျာစွာထံ coca-cola က တင်ဆက်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.