0


အရင်က Gmail မှာ “Display Image Below” ဆိုတာကို ကလစ်နှိပ်ခဲ့ ရတဲ့ နေ့ရက်တွေ မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Google ရဲ့ Free Mail Service ဖြစ်တဲ့ Gmail မှာ သင့်ရဲ့ ဓာတ်ပုံတွေ ကို Default အနေနဲ့ ပြသနိုင်တော့မှာ ဖြစ်လို့ပါပဲ ။ Gmail ရဲ့ Product Manager ဖြစ်တဲ့ John Rae-Grant က Gmail မှာ အရင်က ပုံတွေကို မပြသခင် Users တွေကို မေးခွန်းဘာလို့ မေးရလဲဆိုတာကို Gmail ရဲ့ Official Blog မှာ ရှင်းပြထားပါတယ် ။ အဖြေကတော့ ရှင်းပါတယ် Malware Images တွေရဲ့ အန္တရယ် ရှိလို့ပါပဲ ။


ဒါဆို အခုရော Malware Images တွေရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းလိုက်လဲဆိုတာ သင့်အနေနဲ့ မေးစရာရှိလာပါတယ် ။ အရင်က Gmail ဟာ External Host Severs တွေပေါ်မှာ မှီခိုအားထားခဲ့ရပါတယ် ။ ခုဆိုရင်တော့ Gmail ဟာ သူရဲ့ စိတ်ချရတဲ့ ကိုယ်ပိုင် Proxy Severs တွေ အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Gmail ဟာ Images တွေ အကုန်လုံးကို သူရဲ့ Secure Proxy Severs တွေပေါ်မှာ ဖြတ်သန်းစီးဆင်းစေမှာ ဖြစ်တဲ့ အတွက်ကြောင့် Melware တွေရဲ့ အန္တရယ် ကိုပူစရာ မလိုတော့ပါဘူး ။ ဒီလိုမျိုး Gmail ရဲ့ Images တွေပေါ်မှာ ကိုင်တွယ်မူဟာ တိုးတက်လာတဲ့ အတွက်ကြောင့် နောက်ဆိုရင် Desktop ၊ Android နဲ့ iOS Devices တွေကြား Message ပို့ဆောင်ရာမှာ ဓာတ်ပုံတွေကို လည်း Default အနေနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲ အသစ်ကြောင့် သင့်ရဲ့ Email တွေကိုလည်း ပိုမိုစိတ်ချလုံခြုံစွာ နဲ့ လျှင်လျှင်မြန်မြန် ပို့ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ Rae-Grant ကပြောကြားသွားပါတယ် ။

သင့်အနေနဲ့ နောက်ဆိုရင် “Display Image Below” ဆိုတဲ့ Link ကို နှိပ်စရာ မလိုတော့ပါဘူး ။ အကယ်၍များ သင်ဟာ အရင်က ပုံစံအဟောင်းအတိုင်း Images တွေကို မပြခင် ခွင့်တောင်းတဲ့ ပုံစံကို ကြိုက်နှစ်သက်တယ်ဆိုရင်လည်း Gmail ရဲ့ Setting ထဲကို ၀င်ရောက်ပြီး “Ask Before Displaying External Images” ဆိုတဲ့ Option ကိုရွေးချယ်ထားနိုင်ပါတယ် ။ ဒီ အပြောင်းအလဲ ဟာ Desktop Version တွေပေါ်မှာပဲ ရရှိနိုင်သေးတာဖြစ်ပြီး Mobile application တွေအတွက်ကတော့ ၂၀၁၄ အစောပိုင်း လောက်မှာမှ ရရှိနိုင်မယ်လို့ သိရှိရပါတယ် ။


Thu Ya 

Ref-Myanmar iCT News

Post a Comment

 
Top