0


သင့်အနေနဲ့ သင့်ရဲ့ Android Tablet အသစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်တဲ့ အချက်များရှိပါတယ်။ တိတိကျကျ ပြောရရင်တော့ အချက် ၆ ချက်ရှိပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ ။ သင့်ရဲ့ Tablet Experience ဟာ ပိုမို ကောင်းမွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ Tablet ရဲ့ Battery သက်တမ်းကို ထိန်းသိမ်းပါ Tablet တစ်ခုရဲ့ Battery သက်တမ်းဟာ အချက်များစွာ ပေါ်မှာ မှီတည်ပါတယ် ။ အဓိက ကျတဲ့ အချက်တွေကတော့ သင့် Tablet ရဲ့ Operation System နဲ့ Battery ရဲ့ အရွယ်အစားပေါ်မှာ မှီတည်နေတာဖြစ်ပါတယ်။ သို့ပေမဲ့ သင့်အနေနဲ့ သင့် Tablet ရဲ့ Battery ကို ကြာရှည်စွာ အသုံးပြုနိုင်ဖို့ သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ Setting တစ်ချို့ ရှိပါတယ် ။ သင့် Tablet ရဲ့ Battery ကို အများဆုံး အသုံးပြုတဲ့ နေရာကတော့ သင့် Tablet ရဲ့ Screen ပဲဖြစ်ပါတယ် ။ ဒါကြောင့် သင့် Tablet ရဲ့ Screen အလင်းအမှောင်ကို ချိန်ညှိပါ ။ အကယ်၍ များ သင်ဟာ သင့်ရဲ့ Tablet ကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ မသုံးဘူးဆိုရင် သင့် Tablet ရဲ့ Brightness ကို Maximum အထိထားစရာမလိုပါဘူး ။ ပုံမှန် အလင်းရောင်ရရှိတဲ့ နေရာတစ်ခုမှာ သင့် Tablet ကို အသုံးပြုမယ် ဆိုရင်တော့ သင့် Tablet ရဲ့ Brightness ကို 50 Percent မှာထားပြီး အသုံးပြုတာဟာ အကောင်းဆုံးဖြစ်ပါတယ် ။ အလင်းရောင်လုံး၀ မရရှိတဲ့ နေရာမျိုး ဥပမာ ည အိပ်ရာ၀င်ခါနီး အသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့ Brightness ကို Zero Percent မှာထားပြီး အသုံးပြုတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တစ်ခြားသော Setting တွေဖြစ်တဲ့ Bluetooth ၊ Location Access စသည်တို့ကိုလည်း အသုံးမပြုရင် ပိတ်ထားခြင်းအားဖြင့် သင့် Tablet ရဲ့ Battery သက်တမ်းကို ပိုမို ရှည်ကြာစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။





File Manager တစ်ခုကို အသုံးပြုပါ Android OS သုံး ပစ္စည်းတွေမှာ မိမိ ရဲ့ File System ထဲကို အလွယ်တကူ ၀င်ရောက်လို့ရပါတယ် ။ ဒါဟာ iOS ပစ္စည်းတွေ ထက်အားသာချက်တစ်ခုပါပဲ ။ အကောင်းဆုံး File Manager တစ်ခုကို ညွန်းရမယ် ဆိုရင်တော့ ES File Explore ပဲဖြစ်ပါတယ် ။ ES File Explore ဟာ သင့် Tablet ရဲ့ Internal Storage ထဲမှာရှိတဲ့ File တွေ ၊ Folder တွေ အကုန်လုံးကို ၀င်ရောက်ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးနိုင်ရုံမက သင်အသုံးပြုထားတဲ့ External SDcard တွေထဲကိုလည်း ၀င်ရောက်နိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ် ။ သင့်အနေနဲ့ ES File Explore ကို အသုံးပြုခြင်းဖြင့် Application တွေကိုပဲ Manage လုပ်နိုင်ရုံမက သင့် Tablet ထဲမှာရှိတဲ့ Movies ၊ TV Shows နဲ့ Documents တွေအကုန်လုံးကို သင့်စိတ်တိုင်းကျ စီမံ အသုံးပြုနိုင်ပါပြီ ။



Streaming Application ကို ရွေးချယ် အသုံးပြုပါ သင့်အနေနဲ့ Tablet တစ်လုံးကို အသုံးပြုပြီး လုပ်ဆောင်နိုင်တဲ့ အရာတွေ အမြောက်အမြားရှိပေမဲ့ Internet ကနေ Videos တွေကို ကြည့်ရှု့နိုင်ဖို့ကလည်း အဓိက အရေးပါပါတယ်။ သင့် အနေနဲ့ Videos တွေကို Download ဆွဲပြီးမှ ကြည့်မယ်ဆိုရင် အချိန်လည်းပေးရသလို ၊ Storage Space လည်းပေးရပါတယ် ။ ဒါကြောင့် သင့်အနေနဲ့ Videos တွေကို Internet ကနေတိုက်ရိုက်ကြည့်ရှု့နိုင်ဖို့ Streaming Application တစ်ခုကို ရွေးချယ်အသုံးပြုသင့်ပါတယ် ။ HD Widget ကို အသုံးပြုပါ Android OS သုံး Tablet တွေဟာ အသုံးပြုရလွယ်ကူပြီးတော့ ၊ Widgets တွေကိုလည်း အဆင်ပြေပြေ တွဲဖက်အသုံးပြုနိုင်အောင် Support လုပ်ပေးပါတယ် ။ HD Widget ဟာ သင့်ရဲ့ Tablet ရဲ့ အရွယ်အစား နဲ့ Display Resolution ပေါ်မှာမူတည်ပြီး widget တွေကို သင့်ရဲ့ Home Screen ပေါ်မှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ် ။ HD Widget ကိုအသုံးပြူပြီး Digital Clock ၊ Current Weather Information Widget တွေကိုလည်း သင့် Tablet ရဲ့ Home Screen ပေါ်မှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ် ။ ဒါ့အပြင် Wi-Fi Setting ၊ Brightness ၊ Screen Timeout ၊ Battery Life စသည့် Shortcut Bar တွေကိုလည်း Tablet ရဲ့ Home Screen ပေါ်မှာအသုံးပြုနိုင်ပါတယ် ။


Tablet ကို Secure လုပ်ထားပါ Android OS တွေဟာ Melware တွေရဲ့ တိုက်ခိုက်မှုကို ပိုပြီးတော့ ခံရနိုင်ပါတယ် ။ Smartphone တွေထက် Tablet တွေဟာ တိုက်ခိုက်မှု အန္တရယ် နည်းပေမဲ့ သင့်အနေနဲ့ ကြိုတင်ကာကွယ် ထားသင့်ပါတယ် ။ Android OS တွေအတွက် Anti-virus application တွေ အမြောက်အမြားရှိပါတယ် ။ ဒီထဲမှာမှ AVG Anti-Virus လေးက Free ဖြစ်ပါတယ် ။ သူ့မှာ Manual Scanner ၊ Real Time Protection တွေအပြင် Anti-theft Feature ကိုလည်း အသုံးပြုလို့ရပါတယ် ။ သင့် ရဲ့ Tablet ပျောက်သွားရင်ပဲ ဖြစ်ဖြစ် ၊ ခိုးခံရရင်ပဲ ဖြစ်ဖြစ် ဒီ Anti-theft Feature ကိုအသုံးပြုပြီး Google Maps ကနေပြီး ရှာလို့ရပါတယ် ။ Run 3DMark ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ Mobile Game တွေဟာ အရှိန်အဟုန် နဲ့ ဖွံဖြိုး လာပါတယ် ။ သင့်အနေနဲ့ Angry Bird ၊ Candy Crush စတဲ့ Game မျိုးကိုပဲ ဆော့မယ်ဆိုရင်တော့ သင့်ရဲ့ Tablet နဲ့ ကောင်းကောင်းဆော့လို့ရပါတယ် ။ သို့ပေမဲ့ 3D Game တွေကိုဆော့မယ်ဆိုရင်တော့ သင့်ရဲ့ Tablet နဲ့ အဆင်ပြေပြေ ဆော့လို့ရ ၊ မရ ကို 3D Mark နဲ့ ဆုံးဖြတ်လိုက်ပါ ။ 3D Mark ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Tablet တွေ အကုန်လုံးရဲ့ Graphic စွမ်းရည်တွေကို နှိုင်းယှဉ် သုံးသပ်ပေးထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် သင့်အနေနဲ့ 3D Game တစ်ခုကို ဆော့ တော့မယ်ဆိုရင် သင့် Tablet ရဲ့ Graphic စွမ်းရည် နဲ့ အဆင်ပြေပြေ ဆော့နိုင် ၊ မဆော့နိုင် ဆိုတာကို သိဖို့ 3D Mark ကို Run လိုက်ပါ ။

 Post by Thu ya

Credit to Myanmar iCT News


Post a Comment

 
Top