မိုဘိုင်းဖုန်းငွေဖြည့်ကတ်များ၏ အဓိကခဲခြစ်နေရာကို
ပြန်လည်ပြုပြင်ထားသည့် ငွေဖြည့်ကတ်အတုများကို မြင်တွေ့ခဲ့ရကြောင်း
မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်တစ်ခုဝန်ထမ်း တစ်ဦးဖြစ်သူ
ကိုအောင်ချမ်းဖြိုးက ပြောသည်။
ငွေဖြည့်ကတ်အတုများသည် ထုတ်လုပ်သည့် ကုမ္ပဏီကြီးများထံမှ
လာရောက်ခဲ့ခြင်းမဟုတ်ဘဲ အ သုံးပြုသူများထံမှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။ “မနေ့က ဂျီအက်စ်အမ် ၁ သောင်းကတ် လာဝယ်တယ်။ ပြီးတော့ မဟုတ်ဘူး ၅
ထောင်တန်နှစ်ကတ်ပေးပါဆိုပြီး လာပြန်လဲသွားတယ်။ လာ လဲသွားတဲ့ကတ်က အတုကြီး”
ဟု ၎င်းကပြောသည်။
ပြန်လည်လဲလှယ်ခဲ့သည့် ငွေ ဖြည့်ကတ်ကို မိမိ၏မိုဘိုင်းဖုန်းအတွင်း
ထည့်သွင်းအသုံးပြုသော်လည်း အသုံးပြုနိုင်ခဲ့ခြင်းမရှိသည့်အတွက်
ငွေဖြည့်ရာ၌ပါဝင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို
ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရသည်။ “အဲဒီကတ်က အသုံးပြုပြီးသားကတ်ဖြစ်နေတယ်။
သူတို့က ခဲခြစ်နေရာမှာ အသစ်ပြန်ပြီး ခဲနဲ့ အုပ်ထားတာ။ သေချာစစ်ကြည့်တော့
ခဲခြစ်ပေါ်မှာ MPT ဆိုတဲ့ စာတမ်းလေးတွေ မပါဘူး” ဟု ၎င်းကဆိုသည်။
“ကျွန်မတို့အနေနဲ့ကတော့ ငွေဖြည့်ကတ်အတုဆိုတာ တစ်ခါမှ မကြုံဖူးသေးဘူး။
အဲဒါမျိုးကို ပြန်ပြီးလာလဲတာလည်း မရှိသေးဘူး။ ကုမ္ပဏီအနေနဲ့ကတော့
ခဲခြစ်မရတဲ့ ပြဿနာမျိုးဆိုရင် စိစစ်ပြီးလဲပေး တယ်။ ဒါကလည်း နည်းပါတယ်” ဟု
ငွေဖြည့်ကတ်များကို ကိုယ်တိုင်ရိုက်နှိပ်ဖြန့်ချိလျှက်ရှိသည့် Global
Telephone ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။
ငွေဖြည့်ကတ်များကို ရိုက်နှိပ်ထုတ်ဝေနေသည့် ကုမ္ပဏီများအနေဖြင့်
အတုအစစ်ပြဿနာအတွက် အသုံးပြုသူ များထံ အသိပေးလုပ်ဆောင်ချက်များ
မရှိခဲ့ကြောင်း ငွေဖြည့်ကတ်ဖြန့်ချိရေး လုပ်ကိုင်နေသူများက ဆိုသည်။ “အဓိက
ကတော့ ခဲလိုင်းပေါ်မှာ စာမပါတာအဓိကပဲ။ ကျွန်တော်တို့က မသင်္ကာလို့
လာလဲထားတဲ့ကတ်တွေကို စစ်လိုက်တာ အဲဒီလိုမျိုး စီဒီအမ်အေကတ်အတုတစ်ခုကို
ထပ်တွေ့ရတယ်။ အခုဆိုရင် မြို့သစ်ဘက်က ကျွန်တော့် သူငယ်ချင်းတွေလည်း
အဲဒီလိုကတ် အတုတွေကို ကြုံနေရပြီလိုပြောကြ တယ်” ဟု ကိုအောင်ချမ်းဖြိုးက
ဆိုသည်။
ငွေဖြည့်ကတ်များသည် အတု အစစ်ပြဿနာများသာမက ငွေအပြည့်မဝင်ခြင်းနှင့်
အခြားသော ပြဿနာများလည်းရှိကြောင်း နေ့စဉ်မိုဘိုင်းဖုန်းငွေဖြည့်ကတ်
ရောင်းချနေသူတို့ ကဆိုသည်။ “အခုနောက်ပိုင်း ငွေဖြည့်ကတ်ရောင်းရတာက
အမြတ်နည်းနေပါတယ်ဆိုမှ ပြဿနာတွေကလည်း အများကြီးရှိတယ်။ အဲဒါကြောင့်
ငွေဖြည့်ကတ်ပြဿနာများကို ဆိုင်မှတာဝန်မယူပါဆိုပြီး စာရေးချိတ်ထားလိုက်တယ်”
ဟု ကမာရွတ်မြို့နယ်မှ ငွေဖြည့်ကတ်လက်လီ ရောင်းချသူတစ်ဦးက ပြောသည်။
၁၅၀၀ ကျပ်တန်ဖုန်းလိုင်းထဲကို ၅ ထောင်ကျပ်တန်ငွေဖြည့်ကတ် ထည့်လိုက်တာ ၃၅၀၀
ပဲဝင်တယ်။ အဲဒါကိုယ်တိုင်ကြုံခဲ့ရတာ။ ကိုယ်ကလည်း ဆိုင်ထဲမှာတင်
ကိုယ်တိုင်ထည့်လိုက်တာ။ သူတို့ကိုလည်း ဘာမှပြောမရဘူး။ ဒါနဲ့ ဒီတိုင်းပဲ
နေလိုက်ရတယ်” ဟု မိုဘိုင်းဖုန်းငွေ ဖြည့်သွင်းစဉ် ဖြည့်သွင်းငွေအပြည့်အဝ
မရရှိခဲ့သည့် မသန္တာကဆိုသည်။
မြင့်ကျော်လှိုင်
credit to:Internet Journal
http://www.myanmarmobileapp.com
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.