0
 
ကျောင်းသား တစ်ယောက်က ဆရာမကို အချစ်ဆိုတာ ဘာလဲလို့ မေးလိုက် ပါတယ်။ ထိုအခါ ဆရာမက အဲဒီအဖြေကို ဖြေဖို့အတွက် မင်း ငါခိုင်းတဲ့ အတိုင်း လုပ်ပါ။ ဂျုံခင်း တစ်ခုကို သွားပြီး အရှည်ဆုံး ဂျုံပင်ကို ငါ့ဆီကို ယူလာခဲ့လို့ ပြောလိုက်တယ်။

ကျောင်းသားလေးက ဂျုံခင်းသို့ သွားတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျုံခင်းစပ်မှ အရှည်ဆုံး အပင်လို့ ထင်ရတဲ့ ဂျုံပင်ကို နုတ်လိုက်တယ်။ သို့သော်လည်းပင် ကျောင်းသားလေးဟာ သူ့ထက် ရှည်တယ်လို့ ထင်ရတဲ့ ဂျုံပင်ကို ထပ်ပြီး တွေ့ပြန်တယ်။ ဂျုံခင်း တစ်ဝက်လောက် ရောက်နေသည့် တိုင်အောင် သူ့မှာ ရွေးချယ်လို့ မရ ဖြစ်နေပါတယ်။ ဟိုအပင် ကြည့်တော့လည်း ပိုရှည်သလိုလို ဒီအပင် ကြည့်တောာ့လည်း ရှည်သလိုလို ဖြစ်နေပါတယ်။
ဂျုံခင်းအဆုံးကို ဆက်ပြီး မသွားတော့ဘူးလို့ ကျောင်းသားလေး ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် အလယ်မှာပဲ သူ့အတွက် အရှည်ဆုံးလို့ ထင်ရတဲ့ ဂျုံပင်ကို ရွေးချယ် လိုက်ပါတော့တယ်။
ထို့နောက် သူ့ဆရာမထံသို့ ပြန်လာခဲ့ပါတယ်။ ဆရာမဖြစ်သူက အဲဒါ အချစ်ပဲလို့ ပြောလိုက်ပါတယ်။ သို့သော်လည်းပဲ တစ်ခါတစ်လေမှာ ကိုယ့်ရွေးချယ် လိုက်တဲ့ အရာထက် ကောင်းတဲ့ဟာတွေ ရှိပါသေးလားလို့ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတတ်တယ်လို့ ဆရာမက ပြောလိုက်ပါတယ်။
သင်ခန်းစာ - အချစ်ဆိုတာ တကယ်တော့ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်စေမယ့် ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)


http://layuethonthon.blogspot.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top