0
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ဘန်ကောက်တွင် လူ ၉၀ ကျော် သေဆုံး ခဲ့ရသော ရှပ်နီဆန္ဒပြပွဲကို ဖြိုခွင်းခဲ့မှုဖြင့် ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗီဂျာဂျီဗာ ကို လူသတ်မှုများဖြင့် တရားစွဲဆို စွပ်စွဲထားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဘီဆစ်ကို ထောက်ခံကြသော ရှပ်ဝါအင်အား စုများက ရှပ်နီများက ထောက်ခံကြသော ယင်းလပ် အစိုးရကို ဖြုတ်ချရန် အတွက် အုံလိုက်ကျင်းလိုက် ဆန္ဒပြပွဲများ ပြုလုပ် ခဲ့ကြအပြီးတွင် ယင်းသို့ ဒီမိုကရက် တစ်ခေါင်းဆောင် အဘီဆစ်ကို တရားစွဲ ဆိုသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ကျွန်တော်တို့ သူ့ကို တရားစွဲဆို ထားကြပါတယ်။ တရားရုံးက ဒီအမှုကို လက်ခံစစ်ဆေးဖို့ သဘောတူခဲ့ ပါတယ်" ဟု ရှေ့နေချုပ်ရုံးမှ ပြောရေးဆိုခွင့်ရ အရာရှိ နန်သာဆက်ပွန်ဆွတ်ခ်က ဘန်ကောက် တရားရုံး အပြင်ဘက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။ အဘီဆစ်အစိုးရ အာဏာရနေစဉ် ရှပ်နီဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်များက ပစ်ခတ် နှိမ်နင်းသောကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး ၁၉၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
တရားရုံးသို့ အဘီဆစ်လာရောက် တရားရင်ဆိုင်စဉ် ရှပ်နီလူအုပ် အနည်းငယ်က ၄င်းကို "လူသတ်ကောင်၊ လူသတ် ကောင်"ဟု ဟစ်အော်ပြောဆို ကြသည်။ အဘီဆစ်ကို ထောက်ခံကြသူ များလည်း တရားရုံးရှေ့သို့ ရောက်လာကြပြီး ပန်းစည်းများ ဝန်ကြီးချုပ်ဟောင်း လက်ထဲသို့ လာရောက် ထည့်ပေးကြသည်။ ထိုင်းဘုရင့်နိုင်ငံတွင် ၂၀၀၆ ခုနှစ်၌ သက်ဆင်အစိုးရကို စစ်အာဏာ သိမ်းခဲ့သည့် နောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့သွားခဲ့ပြီး လမ်းမပေါ် ဖိအားပေးသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်က အားကောင်းခဲ့ကာ အာဏာရနှင့် အတိုက်အခံတို့ တစ်လှည့်စီ ဆန္ဒပြကြသည်။
လုံခြုံရေးတပ်ဖွဲ့ များကို ပစ်သတ်မိန့် ပေးခဲ့သည်ဟု တရားစွဲဆိုထားသူများက အဘီဆစ်နှင့် ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူတက်တာဆူဘန်တို့ကို စွပ်စွဲထားခြင်း ဖြစ်သည်။ အောက်စ်ဖို့၌ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ရှပ်ဝါအင်အားစု၏ ထောက်ခံမှုဖြင့် ဝန်ကြီးချုပ် နေရာကို ရရှိခဲ့သည့် အဘီဆစ်က ၄င်းသည် ယင်းသို့စွပ်စွဲမှု အတွက် အပြစ် မရှိပါကြောင်းနှင့် ယခု တရားစွဲဆိုမှုမှာ နိုင်ငံရေးအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူသပ်သောင်ဆူဗန်က တရားရုံးကြားနာမှုသို့ လာရောက်ခဲ့ခြင်း မရှိဘဲ ၄င်း၏ စစ်ဆေးမှုကို ရွှေ့ဆိုင်းပေးပါရန် တရားရုံးကို လျှောက်ထား ခဲ့သည်။



Ref=The Voice


http://layuethonthon.blogspot.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top