0
 မိုဘိုင်းဖုန်းတွေအတွက် 64 bit processor ထုတ်လုပ်နိုင်မှုကို Apple တို့ ပထမဆုံး မှတ်တမ်း တင်ခဲ့ပြီး ယခု ဒုတိယ လိုက်တဲ့ ကုမ္မဏီ ကတော့ Qualcomm ဖြစ်ပါတယ်။
Qualcomm ဆိုတာ အမေရိကန်အခြေဆိုက် Semiconductor ကုမ္မဏီ ဖြစ်ပြီး ကမ္ဘာ့ မိုဘိုင်းဖုန်း ကုမ္မဏီ အများစုက လိုအပ်နေတဲ့ Processor များကို အဓိက ထုတ်လုပ်ပေးတဲ့ ကုမ္မဏီ စာရင်းထဲမှာ ပါဝင် ပါတယ်။ ယခု 64 bit architecture ဖြင့် တည်ဆောက်တဲ့ Processor ကို ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း တွေကို ကွန်ပြူတာ တစ်လုံး လို မြန် ဆန်ပြီး အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းများရဲ့  ကင်မရာဟာ 13 MP မှာ ရပ်တန့်နေပြီး
Display က 1080p video palyback အထိပဲ ထောက်ပံ့နိုင်မှုဟာ ယင်း Processor နဲ့အများကြီး ဆိုင်ပါတယ်။ ယခုတော့ ယင်း Feature တွေကို ကွန်ပြူတာတွေလို အများကြီး တိုးမြင့် လို့ ရအောင် Qualcomm ဟာ ပထမဆုံး 64 bit မိုဘိုင်း Processor များကို ထုတ်လုပ် လိုက်ပါပြီ။
Snapdragon 410 Processor လို့အမည်ပေးထားပါတယ်။ 4G LTE နဲ့ အသင့်တော်ဆုံး ဖြစ်ပြီး ဝမ်းနည်းစရာ က တော့ သူ့ရဲ့  ဈေးနှုန်းမြင့် မားခြင်း ဖြစ် ပါတယ်။ အမေရိကန်ဒေါ်လာ ၁၅၀ တောင် Processor သက်သက်ကို ကုန်ကျစေမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်နှစ်လယ်က စလို့ ကမ္ဘာတစ်လွှား ဖြန့်ချိ ရောင်းချမယ့် Processor ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
credit to:Smart Pro Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top