0


သင့်ရဲ့ iPad , iPhone ကို ကလေးတွေအသုံးပြုခြင်းကို ကန့်သတ် ထိန်းချုပ်လို့ရပါတယ်။ ကလေး ကို အဲဒီ Device အသုံးပြုခွင့် မပေးမီ App တစ်ခုကို ပဲအသုံးပြုခွင့်ပေးပြီး Lock လုပ်ထားလို့ရသလို Parental Control ကို အသုံးပြုပြီး Device တစ်ခုလုံးကို Lock ပြုလုပ်နိုင်ပါတယ်။

အဲဒီ Features တွေ ကို Guided Access နဲ့ Restrictions လို့ခေါ်ပါတယ်။ Guided Access က ခဏတာ အသုံးပြုခွင့်ပိတ်ထားချင်တဲ့အခြေအနေမှာ အသုံးပြုနိုင်ပြီး Restrictions ကတော့ အမြဲတမ်း အသုံးပြုခွင့်ပိတ်ထားချင်တဲ့ အခြေနေမှာ အသုံးပြုနိုင်ပါတယ်။

Guided Access

Guided Access က App တစ်ခုကိုပဲအသုံးပြုခွင့်ပေးထားပြီး Lock လုပ်ထားတာဖြစ်ပါတယ်။ ဥပမာ အားဖြင့် သင့်ကလေး ကို Educational App , Game စတာတွေကို ပဲအသုံးပြုစေချင်တဲ့အခြေအနေမျိုးမှာ အသုံးပြုနိုင်ပါတယ်။ PIN Code အသုံးပြုပြီး Lock လုပ်ထားနိုင်တာဖြစ်ပြီး ကလေး အသုံးပြုပြီးတာနဲ့ PIN Code ကို ပြန်ထည့်ပေးတာနဲ့သာမာန်အတိုင်းအသုံးပြုနိုင်ပါပြီ။

Guided Access ကို အသုံးပြုဖို့ Settings App ကိုဖွင့်ပါ။ General > Accessibility> Guided Access ကိုသွားပြီး Guided Access ကို Enable လုပ်ပါ။ Set Password မှာ PIN Code သတ်မှတ်ပေးပါ။



ပြီးရင် အသုံးပြုစေချင်တဲ့ App ကိုဖွင့်ပါ။ Home Button ကို Tap သုံးချက်နှိပ်ပါ။ Guided Access Screen ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Lock လုပ်နိုင်တဲ့ Features တွေထပ်မံအသုံးပြုနိုင်ပါတယ်။ Touch အားလုံးကို Disable လုပ်နိုင်တာတွေ၊ Screen Area တစ်ချို့ကို Touch ပိတ်တာတွေ၊ Hardware Button တွေကို Disable လုပ်တာတွေပြုလုပ်နိုင်ပါတယ်။



အဲဒါတွေပြုလုပ်စရာမလိုဘဲ ညာဘက်အပေါ်ထောင့်က Start ကိုနှိပ်ပါ။ ကလေးကို တက်ဘလက် ကို ပေးအသုံးပြုပါ။ ကလေး က အဲဒီ App တစ်ခုကိုပဲအသုံးပြုခွင့်ရပါလိမ့်မယ်။

Home Button ကို နှိပ်ရင် “Guided Access is enabled” ဆိုတဲ့ Message ကျလာမှာဖြစ်ပါတယ်။ ကလေးအသုံးပြုပြီး လို့ Unlock လုပ်ချင်ရင် Home Button ကို သုံးခါနှိပ်ပြီး Password ဖြည့်ပေးပါ။ ဒါဆိုရင် သင့် Device ကို သာမာန်အတိုင်းအသုံးပြုနိုင်ပါပြီ။




Restrictions

Restrictions က သင့် Device တစ်ခုလုံးက အရာတော်တော်များများကို ကန့်သတ်ထားလို့ရတာဖြစ်ပါတယ်။ Apps တွေကို အသုံးပြုခွင့်ပိတ်တာတွေ၊ Apps တွေ အင်စတောလုပ်တာကို ပိတ်တာတွေ၊ Apps ကနေ ပိုက်ဆံ နဲ့ ၀ယ်ယူအသုံးပြုတာကိုပိတ်တာတွေ၊ သင့်တော်တဲ့ Rating ရှိတဲ့ App တွေကို ပဲ အင်စတောလုပ်ခွင့်ပေးတာတွေ၊ ၀က်ဆိုက်တွေကို ပိတ်တာတွေ၊ Settings တွေကို ပိတ်တာတွေပြုလုပ်နိုင်ပါတယ်။

Restrictions ကို အသုံးပြုဖို့ Settings App ကိုဖွင့်ပါ။ General > Restrictions ကိုသွားပါ။ Restriction ကို Enable လုပ်ပါ။ PIN Code ပြုလုပ်ဖို့အချက်ပေးမှာဖြစ်ပြီး ပြုလုပ်ပါ။



ပြီးရင် အသုံးပြုခွင့်ပေးမယ့် Apps တွေကို ကန့်သတ်တာတွေ၊ Content , Settings တွေကို ကန့်သတ်တာတွေပြုလုပ်နိုင်ပါတယ်။

ဥပမာအားဖြင့် Content Ratings သတ်မှတ်ချင်ရင် Allowed Content Section ကိုသွားပါ။ Apps Section ကို တစ်ချက်နှိပ်ပါ။ အဲဒီမှာ Ratings သတ်မှတ်ချက်တွေအရ အင်စတောလုပ်ခွင့်ရှိတဲ့ Apps အမျိုးအစားတွေကို သတ်မှတ်နိုင်ပါတယ်။ ဥပမာအားဖြင့် 17+ မှကစားနိုင်တဲ့ App တွေကို ပိတ်ထားလို့ရပါတယ်။



Websites ကဏ္ဍမှာ Safari Browser ကနေ ကြည့်မယ့် တစ်ချို့၀က်ဆိုက်တွေကို ပိတ်ပင်ထားလို့ရပါတယ်။ Adult Website တွေကို ပိတ်ထားလို့ရသလို သတ်မှတ်ထားတဲ့ ၀က်ဆိုက်တွေကိုပဲ ကြည့်ခွင့်ပေးနိုင်ပါတယ်။

Web အသုံးပြုမှုကိုလုံး၀ပိတ်ထားချင်ရင် Safari Browser ကို ပိတ်ပင်ထားပြီး တစ်ခြား Browser တွေကို အသုံးမပြုနိုင်အောင် Apps တွေ အင်စတောလုပ်ခြင်းကို လည်း ပိတ်ပင်ထားနိုင်ပါတယ်။



Privacy , System စတဲ့ Settings တွေကို ပြောင်းလဲလို့မရအောင် ပိတ်ပင်တာတွေကိုလည်းပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် Mail, Calendar Account တွေကို ကလေး က ပြောင်းလဲလို့မရအောင် ပိတ်ထားလို့ရပါတယ်။ အောက်ခြေမှာ Game Center ကဏ္ဍ ကိုတွေ့မြင်နိုင်ပြီး Multiplayer Games တွေကစားခြင်းကို ပိတ်ပင်ထားလို့ရသလို Apple Game Center App ကနေ သူငယ်ချင်းတွေ Add တာကိုပိတ်ထားလို့ရပါတယ်။

iOS မှာ Multiple User Accounts အသုံးပြုနိုင်တဲ့ Feature လိုအပ်နေဆဲဖြစ်ပေမယ့် အပေါ်မှာဖော်ပြထားတဲ့နည်းတွေကို အသုံးပြုပြီး သင့်ကလေး ရဲ့ iPad အသုံးပြုမှု ကိုကန့်သတ်ထားလို့ရပါတယ်။ Guided Access နဲ့ Restrictions တို့ကို iPod Touch မှာလည်း အသုံပြုနိုင်ပါတယ်။



Thu Ya

Ref & Credit to Myanmarict News

Post a Comment

 
Top