စီရော်နယ်ဒို ပြန်လာပြီ
ဒဏ်ရာကြောင့် အနားယူနေရသော ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် ကိုပင်ဟေဂန်ဖြင့် ကစားမည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် နောက်ဆုံးပွဲတွင် ပါဝင်ကစားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
စီရောနယ်ဒိုသည် အယ်လ်မာရီးယားဖြင့် ကစားခဲ့သော ပွဲစဉ်တွင် ရရှိသွားသော ဒဏ်ရာကြောင့် (၃)ပွဲအထိ လွဲချော် ခဲ့ရသည်။ သို့သော်လည်း ယခုဒဏ်ရာမှ ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် ရီးရဲလ်မက်ဒရစ် အတွက် ပြန်လည်ပါဝင် ကစားနိုင်တော့မည် ဖြစ်သည်။
စီရော်နယ်ဒိုနှင့် ပတ်သက်ပြီး အန်ဆယ်လော့တီက - "ခရစ္စတီယာနိုရဲ့ ဒဏ်ရာ သက်သာသွားပါပြီ၊ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်ဆင်းနေပြီ၊ အင်္ဂါနေ့မှာ ချွင်းချက်မရှိ အသင်းအတွက် ပြန်စားပေး နိုင်တော့မှာပါ" ဟု ပြောကြား သွားခဲ့သည်။
Ref - http://football-cafe.com/
ရိုးရာလေး
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.