0


Nike က လည်း စမတ်နာရီ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပြီး ၂၀၁၄ ခုနှစ်အစောပိုင်းတွင်ဖြစ်မယ်လို့ ခန့်မန်းနေကြပါတယ်။ အခုလောလောဆယ်မှာ အာရှအခြေစိုက် Gadget များထုတ်လုပ်တဲ့ Flextronics International မှာ စမတ်နာရီ ကို စမ်းသပ်နေကြပါတယ်။

စမတ်နာရီ ရဲ့ Functions အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ ခန့်မှန်းချက်များအရ လက်ရှိထုတ်လုပ်ထားတဲ့ အားကစားလက်ကောက်ဖြစ်တဲ့ FuelBand ရဲ့ စွမ်းဆောင်ရည် တစ်ချို့ပါရှိလာမှာဖြစ်ပါတယ်။ iOS ဖုန်းများနဲ့ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။


Android Device တွေကို ထုတ်လုပ်တဲ့ Company တွေများပြားခြင်းနဲ့ Android ရဲ့ Bluetooth LE ဟာ ဖွံ့ဖြိုးမှု သိပ်မရှိသေးတဲ့အတွက် Android App ပြုလုပ်ပေးနိုင်ခြင်းမရှိသေးပါဘူး လို့ Nike ရဲ့ Digital Sports ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Stefan Olander က နို၀င်ဘာလမှာ ပြောကြားပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Nike ရဲ့ စမတ်နာရီ ဟာ Android Phone တွေနဲ့ တွဲဖက်အသုံးပြုလို့ရလာနိုင်ပါတယ်။

လွန်ခဲ့တဲ့လတွေမှာ Company တွေဟာ စမတ်နာရီတွေကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြပါတယ်။ Sony, Samsung, Pebble, Adidas တို့ရဲ့ စမတ်နာရီတွေကို ၀ယ်ယူနိုင်ကြပါပြီ။ Apple, Google, Microsoft, Nokia, Motorola , LG တို့ကလည်း စမတ်နာရီ ထုတ်မယ်လို့သတင်းတွေထွက်နေပါတယ်။

Adidas ရဲ့ miCoach Fitness Smartwatch ကို နို၀င်ဘာလ အတွင်းကရောင်းချခဲ့တာဖြစ်ပြီး အသုံးပြုသူရဲ့ သွေးခုန်နှုန်းကို လက်ကောက်၀တ်မှ တစ်ဆင့် သိနိုင်ပါတယ်။ လှုပ်ရှားမှု ကိုအာရုံခံနိုင်တဲ့ Motion Sensors ပါရှိပြီး အသုံးပြုသူရဲ့ လှုပ်ရှားကစားမှုတွေကို ခြေရာခံနိုင်ပါတယ်။ လမ်းလျှောက် ဒါမှမဟုတ် အပြေးလေ့ကျင့်တဲ့ အကွာအဝေးကိုလည်း သိနိုင်ပါတယ်။


THU Ya

Myanmar ICT News

Post a Comment

 
Top