0
Photo: 6P တွင်ပါမစ်အလိမ်ခံရ၍သောသူများအတွက် ပတ်စပို့စာအုပ်လျှောက်ရန်
မြန်မာသံရုံးမှကြော်ငြာချက်ထုတ်ပြန် (သံရုံးကြော်ငြာချက်)

***********************************************

၁၀.၁၂.၂၀၁၃ (မလေးရှား) 

လွန်ခဲ့သည့် ၂၀၁၁ 6P စီမံချက်ကာလအတွင်းက ပါမစ်လျှောက်ထားသူများ ထဲမှ အေးဂျင်း ၊ ပွဲစား ၊ စသည့် ကြားခံသူများ အလိမ်ခံရပြီး ပါမစ်မရရှိခဲ့သူများအတွက် မလေးရှားအစိုးရမှ ပြီးခဲ့သည့် ၂၀.၁၂.၂၀၁၃ မှ လာမည့် ၂၀.၁.၂၀၁၄ အထိ ၃ လသတ်မှတ်ပြီး အပြီးဆောင်ရွက်ပေးမည်ဟုကြော်ငြာထားခဲ့သည် ။

ထိုအစီစတင်သောအခါ ပါမစ်မရရှိပဲ အလိမ်ခံထားရသော မြန်မာအလုပ်သမားများသည် မိမိတို့သူဌေး ၊ မိမိတို့ဆောင်ရွက်ထားသော အေးဂျင်းများဖြင့် မလေးရအစိုးရသတ်မှတ်ထားသောအောက်ပါနေရာ
....
The one-stop centre (OSC) 
The Home Ministry at Level 4, 
Block D9, Complex D, 
Federal Government administrative centre 
Putra Jaya.

တွင်သွားရောက်ဆောင်ရွက်ရမည်ဖြစ်သည် ။

ထို့အတွက် မြန်မာပတ်စပို့ မလျှောက်ထားရသေးသောသူများအဖို့မြန်မာသံရုံးတွင် ပတ်စပို့သွားရောက်လျှောက်ထားသောအခါ Everfine ကုမဏီသို့ မြန်မာသံရုံးမှ လမ်းညွှန်ထားခဲ့သည် ။

ယခု မြန်မာသံရုံးမှ အဆိုပါသူများအတွက် မြန်မာသံရုံးတွင်ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်းကြော်ငြာစာကို ၄.၁၂.၂၀၁၃ တွင် ထုတ်ပြန်ကြော်ငြာသွားခဲ့သည် ။

ပတ်စပို့လျှောက်ထားမည့်သူများအတွက် ကြော်ငြာချက် အပြည့်အစုံမှာ ....

*****************************************
ပြည်ထောင်စုမြန်မာနိုင်ငံတော်သံရုံး (ကွာလာလမ်ပူ မလေးရှား)
ကြော်ငြာချက်

မလေးရှားနိုင်ငံ တရားမဝင်ရွေ့ပြောင်း အလုပ်သမားများအတွက် မလေးရှားပြည်ထဲရေးဝန်ကြီးဌာနမှ ယခင် ၂၀၁၁ သြဂုတ်လမှ ၂၀၁၂ ဧပရယ်လအထိ ဆောင်ရွက်ပေးခဲ့သည့် 6P အစီအစဉ်တွင် မှတ်ပုံတင်ထားပြီးသူများအတွက် ထပ်မံအလုပ်လျှောက်ထားခွင့်အစီအစဉ်ကို ၂၀၁၃ အောက်တိုဘာ ၂၁ မှ ၊ ၂၀၁၄ ဇန်နဝါရီ ၂၀ အထိ (၃)လ အတွင်းဆောင်ရွက်ပေးလျှက်ရှိရာ ယခင် 6P အစီအစဉ်၌မလေးလဝကတွင် လက်ဗွေနှိပ် မှတ်ပုံတင်၍ Slip ရရှိထားပြီး နိုင်ငံကူးလက်မှတ်လက်ဝယ်မရှိ (မရှိ) သူများသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ကိုယ်တိုင်လာရောက် ၍ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများနှင့်အတူး လာရောက်လျှောက်ထားနိုင်ပါသည်ကြောင်း ။

အဆိုပါ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံရှိ ပြည်ထဲရေးဝန်ကြီးဌာန ၊ လူဝင်မှုကြီးကြပ်ရေး ၊ ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်အကိုင် နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန မှ ဝန်ထမ်းများပါဝင်သည့် အထူးအဖွဲ့ သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ မကြာမီလာရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည် ။

မှတ်ချက် ။       ။ နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူများသည် ပူးတွဲဖော်ပြပါလျှောက်လွှာ နှင့် ကိုယ်ရေးရာဇဝင်ပုံစံတို့ကို ပြည့်စုံစွာ ဖြည့်စွက်ပေးရန်လိုအပ်ကြောင်း သတိပြုနိုင်ပါရန် ။

ရက်စွဲ ၊ ၄.၁၂.၂၀၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး
ကွာလာလမ်ပူမြို့ ၊ မလေးရှားနိုင်ငံ ။

ဟု ကြော်ငြာချက်ထုတ်ပြန်ထားသည် ။

ထိုကြော်ငြာချက်ပါ လျှောက်လွာ နှင့် ကိုယ်ရေးရာဇဝင်ပုံစံတို့ကို မြန်မာသံရုံးတွင် တောင်းယူနိုင်သည် ။

သို့ပါသောကြောင့် 6P တွင် ပါမစ်လျှောက်ထားပြီး အေးဂျင်းအလိမ်ခံရ၍ ပါမစ်မရသူများ ပြည်လည်လျှောက်ထားနိုင်သည့် ယခု OPS 6P အစီအစဉ်တွင် မြန်မာပတ်စပို့လျှောက်ထားလိုသူများသည် မြန်မာသံရုံး ၊ ကွာလာလမ်ပူသို့ ကိုယ်တိုင်သွားရောက်လျှောက်ထားရမည်ဖြစ်ပါသည် ။

ဆက်လက်ပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ သိရှိသင့်သည့် ၊ သတင်း ၊ ကြောင်ငြာချက် ၊ ဆောင်ရန်ရှောင်ရန်များကို မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ ဆက်တိုက် တင်ဆက်ပေးမည်ဖြစ်သည် ။

မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ
www.facebook.com/mmrinmy
6P တွင်ပါမစ်အလိမ်ခံရ၍သောသူများအတွက် ပတ်စပို့စာအုပ်လျှောက်ရန်

Ref : မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ
  www.facebook.com/mmrinmy

Post a Comment

Top