0


ဖေဖော်ဝါရီလ ကျောင်းဖွင့်ချိန် အမှီတက်ရောက်နိုင်ရန် အတွက် JCUS နှင့် KAPLAN အရည်အချင်းစစ် အင်္ဂလိပ်စာ စာမေးပွဲ များကို STUDY ABROAD မှ စစ်ဆေးပေးသွားမည်။

စင်ကာပူ နိုင်ငံတွင် ကျောင်းတက်လိုပြီး အင်္ဂလိပ်စာ၀င်ခွင့် လိုအပ်နေသူ ကျောင်းသူ၊ ကျောင်းသားများ အတွက် အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲများကို STUDY ABROAD Information Centre မှ ဒီဇင်ဘာလ စတုတ္ထပတ်တွင် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။


စင်ကာပူနိုင်ငံရှိ James Cook University of Singapore (JCUS) နှင့် Kaplan Higher Education Academy တို့၏ အင်္ဂလိပ်စာ ၀င်ခွင့်များကို စစ်ဆေးပေးသွားမည် ဖြစ်ပါသည်။ Business, Information Technology, Tourism and Hospitality Management , Environmental Science, Psychology အစရှိသည့် ဘာသာရပ် အမျိုး အစားစုံလင်စွာကို တက်ရောက်နိုုင်သည့်အပြင် Master Degree များလည်း တက်ရောက်နိုင်မည် ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ အစိုးရ အသိအမှတ်ပြု Edu – Trust ရရှိထားပြီး အင်္ဂလိပ်စာ ၀င်ခွင့် လိုအပ်ချက် အနေနှင့် IELTS (5.5) လိုအပ်ပြီး Placement Test မှာ အင်္ဂလိပ်စာ မရှိသေးသူ ကျောင်းသူ၊ ကျောင်းသားများ အတွက် ကျောင်း၀င်ခွင့် အမှီ တက်ရောက်နိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။

Placement Test ဖြေဆိုလိုသည့်ကျောင်းသူ၊ ကျောင်းသာားတို့ အနေနှင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပြီး အသေးစိတ် စုံစမ်း သိရှိ်လိ်ုသည်များ ရှိပါကလည်း STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် (အေ)၊ (၁၁ လွှာ)၊ အခန်းအမှတ် (၁၁၀၃)၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး)။ ဖုန်း – ၀၉ ၅၁၅၁ ၀၀၈ ၊ ၀၉ ၇၃ ၂၄၂၄ ၀၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်ပါသည်။


Ref=Myanmar iCT News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top