0


သင်ဟာ Android ပစ္စည်းတွေကို အသုံးပြုပြီး Internet ကနေ သင်လိုချင်တဲ့ အရာတွေကို Download မှန်မှန်လုပ်တတ်တဲ့ သူဆိုရင်တော့ သင်ရဲ့ Download Files တွေဟာ ဘယ်နေရာမှာ သိမ်းထားလဲဆိုတာ သင်သိမှာပါ ။ သင့်ရဲ့ Download Files တွေ အကုန်လုံးကို Download Folder ထဲမှာ Default အနေနဲ့ သိမ်းထားပေးမှာ ဖြစ်ပါတယ် ။ ဒါဆို သင့်ရဲ့ Download Folder ထဲမှာ သင် Download လုပ်ထားသမျှ Files တွေနဲ့ ပြည့်နှက်နေပြီး ၊ သင်တစ်ခုခု ကို ရှာဖွေချင်တယ်ဆိုရင်လည်း ရှာရဖွေရ လွယ်ကူတော့မှာ မဟုတ်ပါဘူး ။ သင့်အနေနဲ့ File Manager ကိုအသုံးပြုပြီး Download Folder ထဲက Files တွေကို သင်သိမ်းထားချင်တဲ့ Folders တွေထဲ ပြောင်းရွှေ့အသုံးပြုမယ်ဆိုရင်လည်း သင့်အနေနဲ့ အလုပ်ရှုပ်ပြီး ၊ အချိန်ကုန်ပါတယ် ။ ဒါဆို သင့်အနေနဲ့ သင် Download ဆွဲသမျှ Files တွေကို သင်သိမ်းထားချင်တဲ့ Folder ထဲမှာ သိမ်းနိုင်ဖို့ Direction ညွန်ပေးမဲ့ Redirect File Organizer Application ကိုအသုံးပြုဖို့ လိုအပ်လာပါပြီ ။ Redirect File Organizer Application ဟာ Free Application တစ်ခုဖြစ်ပါတယ်။ Pro Version က Features တွေကို အသုံးပြုဖို့ Upgrade လုပ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံ ပေးချေရမှာ ဖြစ်ပါတယ် ။

ဒီ Application လေးကို စလိုက်တာနဲ့ Redirect လုပ်နိုင်တဲ့ အမျိုးအစားတွေကို ဖော်ပြထားတဲ့ Wizard တစ်ခုကို သင်မြင်ရမှာ ဖြစ်ပါတယ် ။ Redirect လုပ်နိုင်တဲ့ အမျိုးအစား ကတော့ ၄ မျိုး ပဲ ရှိပါတယ် ။
1. Simple Redirect : သင့် Android Device ထဲမှာ ရှိတဲ့ Video Files ၊ အသံဖိုင် နဲ့ Document Files စသည့် အမျိုးအစား သုံးမျိုးကို ရွေးချယ်နိုင်ပြီ သင်ကြိုက်နှစ်သက်တဲ့ Folder ထဲကို ရွှေ့ပြောင်းလို့ရပါတယ် ။
2. Custom Redirect : ဒီအမျိုးအစားကတော့ File Extension ပေါ်မူတည်ပြီး အလုပ်လုပ်တာဖြစ်ပါတယ် ။ ဥပမာ သင့် Android Device ပေါ်က သင်ကြိုက်နှစ်သက်တဲ့ Folder ထဲကို သင်သိမ်းထားချင်တဲ့ File Extension အမျိုးအစားအလိုက် သိမ်းထားလို့ရအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ် ။ အကယ်၍ သင် Download လုပ်ထားတဲ့ Image တွေကများနေပြီးတော့ Image Extensions တွေကလည်း jpg ၊ gif ၊ png စသည်အားဖြင့် ကွဲပြားနေရင် သင်သိမ်းချင်တဲ့ Extension အမျိုးအစားပေါ်မူတည်ပြီးတော့ မတူညီတဲ့ Folder အမျိုးမျိုးမှာ သိမ်းထားလို့ရမှာပဲဖြစ်ပါတယ် ။
3. Folder Redirect : သူကတော့ System ပေါ်မှာရှိတဲ့ Folder တစ်ခုထဲကိုပဲ စောင့်ကြည့်နေမှာဖြစ်ပြီးတော့ အဲ့ဒီ Folder ပေါ်ကို ရွှေ့ပြောင်းလာတဲ့ Files မှန်သမျှကို တစ်ခြား Folders တွေဆီကို Redirect ပြန်လုပ်ပေးမှာဖြစ်ပါတယ် ။
4. Name Redirect : သူကတော့ Custom Redriect ရဲ့ အလုပ်လုပ်ပုံနဲ့ အတူတူပဲ ဖြစ်ပါတယ် ။ Extensions နေရာမှာ Name ပြောင်းလဲ အသုံးပြုသွားမှာပဲ ဖြစ်ပါတယ် ။
ဒီအမျိုးအစားတွေထဲမှာတော့ Simple Redirect က သုံးရတာ အရိုးရှင်းဆုံးဖြစ်ပါတယ် ။ အထက်မှာဖော်ပြခဲ့တဲ့ အတိုင်း သင့်အနေနဲ့ Video ဖိုင်၊ အသံဖိုင် နဲ့ Document ဖိုင်တွေထဲက ဘယ်အမျိုးအစားကိုပဲ ဖြစ်ဖြစ် ကြိုတင်ပြီး Setting လုပ်ထားလို့ရပါတယ် ။ ဥပမာ Document ဖိုင် အမျိုးအစားကို သင်သိမ်းထားချင်တဲ့ Destination Folder တစ်ခုမှာ သိမ်းဖို့ Redirect လုပ်ထားလိုက်ပါ ။ ဒါဆို သင်ဟာ အင်တာနက် ကနေ Document နဲ့ဆိုင်တဲ့ ဖိုင်တွေကို Download လုပ်ပြီးတာနဲ့ သင့်အနေနဲ့ Download Folder ထဲမှာ သွားရှာနေစရာ မလိုတော့ပါဘူး ။ သင် Document တွေအတွက် Destination ပေးထားတဲ့ Folder ထဲမှာ သွားရှာလိုက်ရုံပါပဲ ။

Custom Redirect နဲ့ Name Redirect ကိုအသုံးပြုပြီး သင့်အနေနဲ့ Blacklist နဲ့ Whitelist Directories ကိုခွဲပေးလို့ ရပါတယ် ။ Blacklist Directories ထဲမှာရှိတဲ့ Files တွေကို သင်အနေနဲ့ ဒီ Redirect Application ကို သင့်ရဲ့ Android Device ထဲမှာ Run ထားသမျှ ကာလပတ်လုံး ရွှေ့ပြောင်းလို့ရမှာ မဟုတ်ပါဘူး ။ Whitelist Directories ထဲမှာရှိတဲ့ Files တွေကိုတော့ သင်လိုအပ်သလို ရွှေ့ပြောင်း အသုံးပြုလို့ရပါတယ် ။
နောက်ထပ် အသုံး၀င်တဲ့ Feature တစ်ခုအနေနဲ့ ကတော့ သင့်ရဲ့ Internal Storage ထဲက Files တွေကို SD Card ထဲကို ရွှေ့ပြောင်း အသုံးပြုလို့ရတာပဲဖြစ်ပါတယ် ။ ဒီ Feature ကိုအသုံးမပြုခင်မှာတော့ Setting ထဲမှာရှိတဲ့ “Enable SD Support” ဆိုတာကို အမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ် ။
သင့်အနေနဲ့ Redirect File Organizer ကို အမြဲတမ်း မသုံးချင်ဘူးဆိုရင်လည်း Background Service ကို Disable လုပ်ထားလို့ရပါတယ် ။ Background Service ကို Disable လုပ်ထားမယ်ဆိုရင်တော့ ဖိုင်တွေကို ရွှေ့ပြောင်းချင်တဲ့ အခါတိုင်း သင့်အနေနဲ့ Redirect File Organizer ကို Run ပြီးတော့ Manual အသုံးပြုရမှာဖြစ်ပါတယ် ။ ဒါမှမဟုတ် Background Service ကို Disable မလုပ်ချင်ဘူးဆိုရင်တော့ သင့်အနေနဲ့ Background Service ကို အချိန် အပိုင်းအခြား တစ်ခုသတ်မှတ်ပေးပြီး Run ခိုင်းလို့ရပါတယ် ။

Download Files တွေများလို့ ရှာရဖွေရ ခက်နေတဲ့သူတွေ အတွက် ဒီ Redirect File Organizer Application ကိုအသုံးပြုပြီး အဆင်ပြေပြေ ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ် ။
 Post by Thu Ya


Credit to Myanmarictnews
 
 

Post a Comment

 
Top