0

တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် LG Electronics ကုမ္ပဏီမှ LG Optimus G Pro ၏ မျိုးဆက်ဖြစ်သည့် မြန်မာစာ စနစ်ပါဝင်ပြီး LG G Pro lite Dual ကို မြန်မာနိုင်ငံ အတွင်း ဒီဇင်ဘာလမှ စတင်ပြီး ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထား ပါတယ်။

အဆိုပါ G Pro Lite Dual သည် GSM sim card ၂ ကဒ်ကို တစ်ပြိုင်နက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ကျပ် ၂၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချမှာ ဖြစ်တယ်လို့ ၎င်းတို့က ဆိုပါတယ်။
RAM အနေဖြင့် 1GB ထည့်သွင်းပေးထားပြီး G Pro Lite က built in 8 GB ပါဝင်ပြီး 32GB ထိ micro SD ကဒ်ထည့်စိုက်နိုင် တယ်လို့ ဆိုပါတယ်။ ဘတ္တရီကတော့ 3,140 mAh ဖြစ်တယ်လို့ ဆိုပါတယ်။
မျက်နှာပြင်ကတော့ ၅.၅ လက်မဖြစ်ပြီး အလေးချိန် ၁၆၁ ဂရမ် ဖြစ်တယ်လို့ ဆိုပါတယ်။ Android ဗားရှင်းကတော့ 4.1 Jelly Bean ဖြစ်ပါတယ်။ ရှေ့ကင်မရာ 1.3-megapixel ဖြစ်ပြီး နောက်ကင်မရာ 8-megapixel ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် ဖုန်းအတွက် Pen ပါ ထည့်သွင်း ပေးထားတယ်လို့ ဆိုပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Post a Comment

 
Top