0
ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျိုးသား ဘောလုံးပွဲစဉ် လက်မှတ် ပြင်ပပေါက်ဈေးမှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ရောင်းချပေးသော လက်မှတ်ဈေးထက် လေးဆခန့် မြင့်တက်လျက် ရှိကြောင်း မြန်မာ-ထိုင်း ဘောလုံးပွဲစဉ် လက်မှတ် မှောင်ခိုဈေး ကွက်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သုဝဏ္ဏ အားကစားကွင်း အတွင်း ကျင်းပသည့် ဘောလုံးပွဲစဉ်တိုင်း၏ လက်မှတ်များကို ရိုးရိုးတန်း နှစ်ထောင်ကျပ်၊ အထူးတန်း လေးထောင်ကျပ်ဖြင့် ရောင်းချပေးခဲ့သော် လည်း မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် လက်မှတ် ဝယ်ယူလိုသူ များနေသဖြင့် မှောင်ခို ဈေးကွက်တွင် ရိုးရိုးတန်း ကျပ်ရှစ်ထောင်၊ အထူးတန်း ကျပ်တစ်သောင်းခွဲအထိ မြင့်တက် သွားခြင်း ဖြစ်ကြောင်း လက်မှတ်မှောင်ခို ရောင်းဝယ်သူများထံမှ သိရှိရသည်။
မြန်မာနှင့် ထိုင်းအမျိုးသား ဘောလုံးအသင်းတို့၏ ပွဲစဉ်အတွက် ကျန်ရှိသည့် လက်မှတ် နှစ်သောင်းအနက် တစ်သောင်းကို တစ်စောင်လျှင် အထူးတန်း ကျပ်လေးထောင်၊ ရိုးရိုးတန်း ကျပ်နှစ်ထောင်ဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ၊ အောင်ဆန်း၊ ပဒုမ္မာနှင့် စလင်း အားကစားကွင်းများတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်၍ ရောင်းချပေးရာ ဝယ်ယူများပြား လွန်းသောကြောင့် လက်မှတ်ဈေး မြင့်တက်သွားခြင်း ဖြစ်သည်။
“ကြည့်ချင်မှတော့ ရတဲ့ဆီက ဝယ်ရတာပေါ့၊ အထူးတန်းကို တစ်သောင်းခွဲ ပေးရတယ်၊ ရိုးရိုးတန်းက ရှစ်ထောင်တဲ့၊ ရိုးရိုးတန်းဆိုရင် တော်တော်များများ ဝယ်လို့ရတယ်၊ မနက်ဖြန်ဆိုရင် ဒီထက်ပို ဈေးကြီးနိုင်တယ်” ဟု မှောင်ခိုဈေးကွက်မှ လက်မှတ် ဝယ်ယူခဲ့သူ ဦးစိန်လှမောင်က ရှင်းပြသည်။ လက်မှတ် ရောင်းချချိန်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ် ထားသော်လည်း နံနက် ၁၁ နာရီဝန်းကျင် ကတည်းက ဆက်လက် ဝယ်ယူ၍ မရရှိတော့ကြောင်း အောင်ဆန်း အားကစားကွင်း ရှိ လက်မှတ် အရောင်းဌာနသို့ လာရောက် စောင့်ဆိုင်း ဝယ်ယူသူများက ပြောကြားသည်။
“ကျွန်တော်တို့ မနက် ၁၀ နာရီ မထိုးခင်ကတည်းက တန်းစီနေတာ၊ နာရီဝက်လောက်နေတော့ ကုန်ပြီလို့ ပြောတယ်၊ ကျွန်တော်တို့ရှေ့မှာ လက်မှတ်ရသွားတဲ့ သူက ရာဂဏန်းလောက်ပဲ ရှိမယ်၊ တစ်နေရာကို လက်မှတ် နှစ်ထောင့်ငါးရာ ရတဲ့ဟာကို ဒီလူလောက်နဲ့ ကုန်သွားတယ် ဆိုတာတော့ နားမလည်ဘူး” ဟု ဒဂုံ အထက (၁) မှ နဝမတန်း ကျောင်းသားတစ်ဦးက ဆိုသည်။
အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တွင် ပါဝင်သည့် မြန်မာနှင့် ထိုင်းနိုင်ငံ ဘောလုံးအသင်းတို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သုဝဏ္ဏ လူငယ်အားကစားဝင်း၌ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး ယင်းနေ့ နံနက် ၁၀ နာရီတွင်လည်း ကျန်ရှိသည့် လက်မှတ် တစ်သောင်းကို သုဝဏ္ဏ အားကစားကွင်းတွင်ပင် ထပ်မံရောင်းချပေးမည် ဖြစ်သည်။



Ref=The Voice

http://layuethonthon.blogspot.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top