အခုရာသီတွင် နောဝစ်ခ်ျကို (၇)ဂိုး၊ စပါးကို (၆)ဂိုးသွင်းယူနိုင်ခဲ့သည့် မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲစဉ်တွင်
လည်း (၆-၃)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး အီတီဟတ်ကွင်းစံချိန်များအရ
မန်စီးတီးမှာ အင်္ဂလန်ပြည်တွင်း လိဂ်ပြိုင်ပွဲများတွင်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။မန်စီးတီးအတွက် အဖွင့်ဂိုးကို
ထောင့်ကန်ဘောမှတစ်ဆင့် အဂူရိုက
သွင်းယူခဲ့ပြီး ယာယာတိုရေး၏ အမှားမှတစ်ဆင့် ရမ်ဆေး ဘောလုံးဆွဲယူသွားပြီး
အိုဇဲလ်ကို ပေးပို့ခဲ့ကာ ၎င်းထိုးပေးသည့်ဘောလုံးကို ၀ဲလ်ကော့က
အသာအယာကန်သွင်းခဲ့ခြင်းဖြစ်သည်။ ပွဲချိန်
(၃၉)မိနစ်တွင် ဇာဘလက်တာ၏
ပေးပို့မှုမှတစ်ဆင့် နီဂရီဒို မန်စီးတီးအတွက် ဒုတိယဂိုးသွင်းပေးခဲ့ပြီး
မန်စီးတီးအတွက် ကျန်ဂိုးများကို ဖာနန်ဒင်ဟို(၅၀၊၈၈)၊ ဆေးလ်ဗား
(၆၆)မိနစ်များတွင် သွင်းယူခဲ့ကာ ပွဲသိမ်းဂိုးကို နာကျင်အချိန်ပိုတွင်
ပင်နယ်တီမှတစ်ဆင့် ယာယာတိုရေးက သွင်းယူခဲ့ခြင်းဖြစ်သည်။
မန်စီးတီး၏နိုင်ပွဲအတွက် အဓိက ချီးကျူးသင့်သည်က ကွင်းလယ်လူ
ဖာနန်ဒင်ဟိုပင်ဖြစ်ပြီး ၎င်း၏ကွင်းလယ်ကစားအားပိုင်းကို အာဆင်နယ်ကို
အခက်တွေ့စေခဲ့သည်။
မန်စီးတီးက အာဆင်နယ်ကို အနိုင်ရခဲ့သည့်အတွက် ပရီးမီးယားလိဂ်
ထိပ်တန်းအသင်းများကြား အမှတ်ကွာဟချက် နည်းပါးသွားခဲ့ပြီး
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ချဲလ်ဆီး အနိုင်ရခဲ့သည့်အတွက် အာဆင်နယ်နှင့်
(၂)မှတ်အကွာဖြင့် အဆင့်(၂)နေရာသို့ ရောက်ရှိလာခဲ့သည်။ ချဲလ်ဆီးမှာ
အိမ်ကွင်းတွင် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန်(၁၆)မိနစ်တွင်
တောရက်စ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း (၁၃)မိနစ်အကြာတွင် ချာမက်က
ချေပဂိုးပြန်သွင်းနိုင်ခဲ့သည်။ သို့သော် ကစားပုံအသာစီးရနေသည့် ချဲလ်ဆီးက
ပွဲချိန် (၃၉)မိနစ်တွင် ရာမီရက်စ်၏ကန်ချက်ဖြင့် ဒုတိယအကြိမ်
ဦးဆောင်ဂိုးထပ်ရခဲ့ပြီး ဒုတိယပိုင်းတွင် ဂိုးထပ်သွင်းနိုင်ခဲ့ခြင်း
မရှိသည့်အတွက် ထိုဂိုးတစ်ဂိုးဖြင့်ပင်
နိုင်ပွဲရသွားခဲ့သည်။ချဲလ်ဆီးနှင့်ခရစ္စတယ်ပဲလေ့စ်တို့ပွဲတွင်
ချဲလ်ဆီးအသာရခဲ့သည်က အက်ဆီယန်၊ ရာမီရက်စ်၊ ၀ီလျံတို့၏ ကွင်းလယ်ပိုင်း
မာကျောမှုကြောင့်ဖြစ်ပြီး ခံစစ်ပိုင်း ပိုတိုးတက်ရန်လိုအပ်နေသည်ဟု
သုံးသပ်မိသည်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)ရလဒ်များ
မန်စီးတီး ၆-၃ အာဆင်နယ်
ကာဒစ်ဖ် ၁-၀ ၀က်စ်ဘရွန်း
ချဲလ်ဆီး ၂-၁ ခရစ္စတယ်ပဲလေ့စ်
အဲဗာတန် ၄-၁ ဖူလ်ဟမ်
နယူးကာဆယ် ၁-၁ ဆောက်သမ်တန်
ဝက်စ်ဟမ်း ၀-၀ ဆန်းဒါးလန်း
ဟူးလ်စီးတီး ၀-၀ စတုတ်စီးတီး
ထူးခြားမှတ်တမ်း
မန်စီးတီးမှာ (၁၉၃၇-၃၈)ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း (၆)ဂိုးနှင့်အထက်သွင်းယူနိုင်သည့်ပွဲ (၃)ပွဲအထိရှိလာခဲ့။
အာဆင်နယ်အသင်း သမိုင်းတစ်လျှောက် မန်ယူကို (၁-၆၊
၈-၂)ဂိုးများဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်များတွင်
(၅)ဂိုးနှင့်အထက်ပေးခဲ့ရခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ခဲ့။
အိမ်ကွင်းပွဲစဉ်(၈)ပွဲ ကစားပြီးချိန်၌ မန်စီးတီးကဲ့သို့
ဂိုးအများအပြားသွင်းယူနိုင်သည့်အသင်းမှာ (၁၉၆၂-၆၃)ရာသီက စပါးအသင်းဖြစ်ပြီး
(၃၅)ဂိုးအထိ ရရှိခဲ့။
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် တောရက်စ်သွင်းယူသည့်ဂိုးမှာ ယခုရာသီ ပရီးမီးယားလိဂ်၏ (၄၀၀)မြောက် သွင်းဂိုးဖြစ်လာခဲ့။
ဟာဇတ်မှာ (၂၀၁၂)ခုနှစ် သြဂုတ်လနောက်ပိုင်း ချဲလ်ဆီးအတွက်
ဂိုးဖန်တီးမှု (၁၅)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၁၅)ကြိမ်
ပြုလုပ်နိုင်ခဲ့သည်မှာ ဂျရတ်နှင့် ရွန်နီတို့သာရှိ။
zaw zaw tun
Ref=ရိုးရာလေး
http://layuethonthon.blogspot.com
Related Posts
ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်
မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။ ရှက[...]
Dec 14, 2013မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်
ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျ[...]
Dec 14, 2013ဘာစီလိုနာ အသင်းက မန်စီးတီး အသင်းနဲ့ ထိပ်တိုက်တွေ့ ရမှာကို ထိတ်လန့် နေပါတယ် (ရာရာ တိုရေး)
မန်စီးတီး အသင်း၏ အားထားရတဲ့ ကွင်းလယ် ကစား သမားဖြစ်တဲ့ ရာရာတိုရေးက ချန်ပီယံလိဂ် ရှုံးထွက် ပွဲ[...]
Dec 27, 2013FIFA ကမ္ဘာ့ဖလားဆုကြီးကို အမှတ်တရ မြင်တွေ့နိုင်ရန် မြန်မာနိုင်ငံရှိ လူထောင်ပါးမျာစွာထံ coca-cola က တင်ဆက်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.