အေစီမီလန် အသင်း၏ ဒုတိယ ဥက္ကဌ ဂယ်လီအာနီက စီအက်စ်ကေအေ မော်စကို အသင်း၏
ကွင်းလယ် ကစားသမား ဟွန်ဒါသည် လာမည့် ဇန္န၀ါရီလ ၃ ရက်နေ့တွင် အဆိုပါ
အသင်းသို့ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် လာရောက်ပူးပေါင်းတော့မည် ဖြစ်ကြောင်း
အတည်ပြု ကြေငြာလိုက်သည်။
အေစီမီလန် အသင်းသည် အဆိုပါ ဂျပန်လက်ရွေးစင်ကို ခေါ်ယူနိုင်ရန်
ကာလကြာရှည်စွာ ချိတ်ဆက်နေခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ် အသင်းမန်နေဂျာ
ရော်ဂျာက ၎င်း၏ အသင်းခေါင်းဆောင် ဂျာရက်သည် တံကောက်ကြော ဒဏ်ရာမှအမြန်ဆုံး
သက်သာလာပြီးနောက် (၄)ပတ်အတွင်း အသင်း၏ ပွဲစဉ်များတွင် ပြန်လည်
ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြောင်း ပြောကြားသွားခဲ့သည်။
နောက်လာမည့် ရာသီကုန်ချိန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း
ကုန်ဆုံးတော့မည့် အင်္ဂလန် တိုက်စစ်မှူး ၀ိန်းရွန်နေးသည် အသင်းနှင့်
စာချုပ်သစ် ထပ်မံချုပ်ဆိုရန်အတွက် ဆွေးနွေးရန် ကမ်လှမ်းမှုကို လက်မခံပဲ
ပယ်ချလိုက်ကြောင်း Goal.com တွင်ဖေါ်ပြသွား ခဲ့သည်။
လာမည့်နွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ကွင်းလယ် ကစားသမား
ဇာဗီ အလွန်ဆိုသည် ဘာနေဗျူးတွင် နောက်ထပ် (၂)ရာသီတိုင် ဆက်ရှိနေမည့်
စာချုပ်သစ်ကို ချုပ်ဆိုသွားလိမ့်မည် ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ် အသင်းက
အတည်ပြုလိုက်သည်။
Ref- http://football-cafe.com/
ရိုးရာလေး
Related Posts
ဒဏ်ရာပြဿနာဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံးသတ်ရတော့မည်
မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာရရှိမှုကြောင့် တစ်လအထိ အနားယူရတော့မည်ဟု သိရသည်။ ရှက[...]
Dec 14, 2013မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် ပြင်ပပေါက်ဈေး လေးဆခန့် မြင့်တက်
ရန်ကုန်မြို့ သုဝဏ္ဏ အာကစားကွင်း အတွင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်းအမျ[...]
Dec 14, 2013ပရီးမီးယားလိဂ်ကို အရှိန်မြှင့်ပေးလိုက်တဲ့ပွဲစဉ်(၁၆)
အခုရာသီတွင် နောဝစ်ခ်ျကို (၇)ဂိုး၊ စပါးကို (၆)ဂိုးသွင်းယူနိုင်ခဲ့သည့် မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲ[...]
Dec 14, 2013ဘာစီလိုနာ အသင်းက မန်စီးတီး အသင်းနဲ့ ထိပ်တိုက်တွေ့ ရမှာကို ထိတ်လန့် နေပါတယ် (ရာရာ တိုရေး)
မန်စီးတီး အသင်း၏ အားထားရတဲ့ ကွင်းလယ် ကစား သမားဖြစ်တဲ့ ရာရာတိုရေးက ချန်ပီယံလိဂ် ရှုံးထွက် ပွဲ[...]
Dec 27, 2013FIFA ကမ္ဘာ့ဖလားဆုကြီးကို အမှတ်တရ မြင်တွေ့နိုင်ရန် မြန်မာနိုင်ငံရှိ လူထောင်ပါးမျာစွာထံ coca-cola က တင်ဆက်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.