Google ၏ နောက်ဆုံးထွက်ရှိထားသည့် မိုဘိုင်း Operation System ဖြစ်သော
Android 4.4 KitKat တွင် Android 4.4 ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။
မြန်မာစာယူနီကုဒ် Font များကို Windows, Mac OSX, Android, Linux အစရှိသည့်
Operation System တို့တွင် Install ပြုလုပ် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း
iOS Platform အတွက် ပါဝင်လာခြင်း မရှိသေးပေ။ ယခင်က Android 4.4 KitKat
Version တွင် Unicode Font ကို ပြုလုပ်မှ အသုံးပြု၍ ရနိုင်ခဲ့ခြင်း
ဖြစ်ပြီး ယခုမှ တရားဝင် ပါဝင်လာခြင်း ဖြစ်သည်။
Android 4.4 KitKat Version
တွင် Myanmar Unicode ပါဝင်လာခြင်းနှင့် ပတ်သက်ပြီး “Root လုပ်စရာ
မလိုတော့ဘူးပေါ့။ ပြီးတော့ Android apps ရေးရင် Myanmar Font အတွက် Zawgyi
Font ကို app ထဲ ထည့်စရာ မလိုတော့လို့ ကျုံ့သွားတာပေါ့။ သူတို့က Myanmar
Font ဆိုတော့ Zawgyi Font မဟုတ်ဘဲ တခြား Unicode Font သုံးမယ်ဆိုရင်
ရှိပြီးသား app တွေအတွက် Compatible ဟု Developer တစ်ဦးဖြစ်သူ
ကိုပြည့်ဖြိုးရှိန်က ဆိုသည်။ ယခုကဲ့သို့ Android 4.4 KitKat တွင် Myanmar
Unicode တရားဝင် ပါဝင်လာခြင်းကြောင့် Unicode အသုံးပြုလိုသူများအတွက်
အဆင်ပြေလာမည် ဖြစ်ပြီး စတင်စမ်းသပ် သုံးစွဲသူများ အတွက်မူ လက်ကွက်
အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။
ယုဇနကိုကို
Ref & Credit to Internet Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.