0
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးခဲ့ တာကြောင့် ထောင်ဒဏ် ၉ လကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၂၆နှစ်ရှိ Dominic Chia Hooi Chuan  ဆိုသူမှာ RWS မှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပြီး အမျိုးသမီးများစွာကို ဗွီဒီယိုရိုက်ကူးမှုပေါင်း ၉ ကြိမ်နျှင့် သူနေထိုင်ရာ Elias လမ်းမှ နေအိမ်မှာရှိတဲ့  လက်ကိုင်ဖုန်းတွင်လည်း အမျိုးသမီးတစ်ဦး၏ မဖွယ်မရာ ပုံရိပ်များကို ဗွီဒီယို ရိုက်ကူးထားမှုတို့ကြောင့် ယခုလို ထောင်ဒဏ် သတ်မှတ်လိုက်ခြင်း ဖြစ်တယ်လို့  Straits Times သတင်းစာအရ သိရပါတယ်။

အဆိုပါ ဗွီဒီယိုတွေကိုတော့ RWS ၊ VivoCity နဲ့ White Sands တို့မှာ ၂၀၁၁ ခုနှစ်ကတည်းက ရိုက်ကူးထားခြင်း ဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရပါတယ်။

သူ့အနေနဲ့ ကြည့်ကောင်းတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ပြီဆိုရင် ထိုအမျိုးသမီးနောက်ကို သူမ စက်လှေကား (escalator) ပေါ်တဲ့အထိ  တောက်လျှောက်လိုက်ပါတယ်။ သူမ escalator ပေါ်တက်ပြီ ဆိုတာနဲ့ သူ့ဖုန်းကို ပေါင်နားမှာထားပြီး အရှေ့က တက်သွားတဲ့ အမျိုးသမီးရဲ့ စကပ်အတွင်းပိုင်းကို ချိန်ပြီး ရိုက်ကူးတယ်လို့ ပြောဆိုပါတယ်။

သူ့ကိုတော့ လွန်ခဲ့တဲ့နှစ် မေ ၂၃ရက်နေ့မှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒီအချိန် သူ့ဖုန်းထဲမှာ ၁၃နှစ်အရွယ်  ကောင်မလေးတစ်ယောက်ရဲ့ ပေါင်အတွင်းပိုင်းနဲ့ အတွင်းခံပါ မြင်ရတဲ့ ဗွီဒီယိုကို  တွေ့ရပါတယ်။

သူ့ဖုန်းနဲ့ လပ်တော့ပ်ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အဆိုပါ အလားတူ ဗွီဒီယိုတွေ ဓါတ်ပုံတွေကိုလည်း  တွေ့ရပါတယ်။

ref:sgstomp
World Myanma

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top