ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတစ်ချို့က
အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် လှိုင်သာယာ မြို့နယ်
မီးခွက်ဈေးအောက်ထိပ်ကနေ မြို့နယ်အားကစားကွင်းထိ ဒီနေ့ လမ်းလျှောက်
ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရဝန်ထမ်းတွေ အနေနဲ့ ဧပြီလက စပြီး လစာ နှစ်သောင်း တိုးရမှာဖြစ်
တာကြောင့် စက်ရုံအလုပ်သမားတွေဟာ တစ်ရက်ကို လုပ်ခလစာ ၅၆ဝဝ ရရှိမှ
ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကိုက်ညီနိုင်မယ်လို့ Gallant Ocean
အအေးခန်းစက်ရုံ အခြေခံ အလုပ်သမားအဖွဲ့က မလှလှက ပြောပါတယ်။
"ကျနော်တို့ ဒီမှာ ကျနော်တို့မှာရပ်တည်နေရတဲ့ နေထိုင်မှု စရိတ်တွေဟာ
လူတစ်ယောက်ထမင်းစားဖို့အတွက်ကို လှိုင်သာယာဈေးနှုံးနဲ့ကို ည၊မနက် ကို ၁ဝဝဝ
လောက် ရှိပါတယ်၊ ဧပြီလကုန်လို့ရှိရင် အစိုးရဝန်ထမ်း ၂ဝဝဝဝ တိုးမှာ အဲ့ဒီ
၂ဝဝဝဝ တိုးလို့ရှိရင် ပိုဆိုးလာမှာ တစ်နေ့ ၈ နာရီ ၅၆ဝဝ ရရေး ကို
အခုတောင်းဆိုကြခြင်းဖြစ်ပါတယ်၊ဒီ ၅၆ဝဝ ရမှသာလျှင် အလုပ်သမား အတွက်က အနည်း
အကျဉ်းလောက်ပဲ ဖူလုံရုံပဲရှိမှာပါ၊ အခုဆိုလို့ရှိရင် ကျနော်တို့
အလုပ်သမားတွေမှာ ရတဲ့ပိုက်ဆံနဲ့ မလောက်တဲ့ အတွက်ကြောင့် ကျနော်တို့ ၁ဝဝ ကို
၂ဝ နှုံးနဲ့အတိုးတွေ ယူနေရ တယ်၊တစ်လ တစ်လ အတိုးတွေသာသတ်နိုင်တယ် အရင်းကို
မဆပ်နိုင်ဘူး"
ဒီဆန္ဒပြပွဲကို လှိုင်သာယာမြို့နယ်က စံကောင်း ပီနံအိတ်စက်ရုံ၊ Gallant Ocean
အအေးခန်းစက်ရုံတွေက အလုပ်သမား ၂ဝဝ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၂ဝဝ၈
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အလုပ်သမား၊ လယ်သမားတွေရဲ့ ဆန္ဒတွေနဲ့ အညီ
ပြင်ဆင်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့ကြပါတယ်။
အခုလို အလုပ်သမားတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေးကို တောင်းဆိုတာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်က အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ကို မြန်မာနိုင်ငံလုံး
ဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ယက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့
ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေး
ကူညီဆောင်ရွက်နေသူတွေ လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
RFA Burmese
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.