0
ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့၌ ဧပြီ ၂ ရက် နေ့ ညပိုင်း က တရား မဝင် ပစ္စတို သေနတ် ကိုင်ဆောင် သူ အမျိုးသား တစ်ဦး ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ကျိုင်းတုံ မြို့နယ် ကတ်တောင် ကျေးရွာ အုပ်စု ကတ်ကျောင်း ကျေးရွာ တွင် အမျိုးသား တစ်ဦး က သေနတ် ကိုင်ဆောင် လျက် ရှိကြောင်း သတင်း အရ ကတ် တောင် စခန်းမှူး ဒုတိယ ရဲအုပ် မြတ်မင်း ဦးစီး အဖွဲ့ ဖြင့် ည ၈ နာရီ ခွဲ က သက်သေ များနှင့် အတူ သွား ရောက် စုံစမ်း ရှာဖွေရာ ၎င်း ကျေးရွာ ရှိ အိုက်တောင်း (ခ) တင်အောင်ဆန်း ၃၅ နှစ် (ဘ) ဦးသောင်းဟန် ၏ နေ အိမ် ရှေ့တွင် ရပ်ထား သော ၎င်းစီးနင်း လာသည့် ဟွန်ဒါ ဒရင်း ၁၂၅ အနီရောင် ဆိုင်ကယ် (လိုင်စင် စိစစ်ဆဲ) ၏ ထိုင်ခုံ အောက် တူးဘောက် အတွင်းမှ Austria နိုင်ငံ လုပ် GLOCK 19 Gen4 Austria x 9 အမျိုး အစား အနက် ရောင် ပစ္စတို တစ်လက် (ကျည် မပါ သည့် ကျည်အိမ် တစ်ခု တပ်လျက်) နှင့် ၎င်း လွယ်ထား သည့် လွယ် အိတ် အတွင်းမှ တင်အောင်ဆန်း အမည် ပါ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ ဝင် ကတ်ပြား တစ်ခု တို့ကို တွေ့ရှိ သဖြင့် သက်သေ များ ရှေ့တွင် ရှာဖွေ ပုံစံ ဖြင့် သိမ်းဆည်း ခဲ့ပြီး ဥပဒေ အရ အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရ သည်။



မြ၀တီ

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top