ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ
မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆
လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ်
ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
အဲ့ဒီကျောက်စိမ်းကား ၁၁ စီးကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးလိုက်တာဖြစ်ပြီး
အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဦးဗညားဦးက ပြောပါတယ်။
"တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅က ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ တရားမဝင်
ကျောက်စိမ်းကား ၁၁ စီးကိုဖမ်းမိပါတယ်၊ ကျနော်တို့ အမှုဖွင့်မှာပေါ့နော်"
ဒီတရားမဝင် ကျောက်စိမ်းကား ၁၁ စီး ဖမ်းဆီးရမိကြောင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောပါတယ်။
အဲဒီ ကျောက်စိမ်းကား ၁၁ စီးပေါ်က ကျောက်စိမ်းတုံးတွေရဲ့ ကာလတန်ဖိုးပမဏကို
မသိရှိရသေးကြောင်းနဲ့ မနေ့က ဖမ်းဆီးမိတာဟာ ဒီနှစ်ပိုင်းအတွင်း
အများဆုံးလို့ ပြည်နယ်အစိုးရက ပြောပါတယ်။
RFA Burmese
Next
This is the most recent post.
Previous
ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
Related Posts
ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.