ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ
နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး
ရုရှားအလံတွေ လွှင့်ထူပြီး ဒေသဆန္ဒ ခံယူပွဲတွေ လုပ်ပေးဖို့
တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံအရှေ့ပိုင်း မြို့ကြီး တခုဖြစ်တဲ့ Donetsk မှာ ကြီးမားတဲ့လူတစုဟာ
ဒေသခံအစိုးရ အဆောက်အဦး ထဲကို အတင်းဝင်ရောက်သွားကြပြီး တခါးတွေကို
ပိတ်ဆို့ထားကာ ပြူတင်းပေါက်ကနေ ရုရှားအလံတခုကို လွှင့်ထူလိုက်ပါတယ်။
ဒီရုံးအောက်က မြို့ရင်ပြင်မှာလည်း ရာနဲ့ချီတဲ့ လူတွေစုဝေးနေကြပြီး
ရုံးထဲကလူတွေကနေ ယူကရိန်းအလံကို ပြူတင်းပေါက်ကနေ လွှတ်ပစ်ချလိုက်တာကို
ဝိုင်းပြီး သြဘာပေးနေကြပါတယ်။
အနီးနားက နောက်မြို့ကြီးတခုဖြစ်တဲ့ Luhansk မှာလည်း ဆန္ဒပြသူတွေက
အစိုးရအဆောက်အအုံတခုထဲဝင်ရောက်နိုင်ခဲ့ပြီး အပြင်ဘက်မှာတော့
တုတ်ကိုင်ထားတဲ့လုံထိန်းတွေနဲ့ မျက်နှာဖုံးစွပ်ဆန္ဒပြသူတွေ
အပြန်အလှန်တိုက်ခိုက်နေကြပါတယ်။ ဆန္ဒပြသူတွေဘက်က လေထဲမှာ ဗျောက်အိုးတွေ
ပစ်ဖောက်လိုက်ပြီး တချို့ကဆိုရင် လုံထိန်းတွေရဲ့ အကာအရံ သတ္တုဒိုင်းတွေကို
ခြေထောက်နဲ့ကန်ပြီး ဆွဲလုခဲ့ကြပါတယ်။
ယာယီ ယူကရိန်းသမ္မတရဲ့ ပြောခွင့်ရသူ Oleksandr Turchnyov က
ဒီဆန္ဒပြပွဲတွေကြောင့် သူ့အနေနဲ့ တနင်္ဂနွေနေ့သွားမယ့်
လီသူရေနီးယားနိုင်ငံခရီးစဉ်ကို ဖျက်လိုက်ရပြီး Kyiv မြို့တော်မှာ
လုံခြုံရေးအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေး ထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov ကလည်း ဒီဆူပူမှုတွေဖြစ်အောင်
ရုရှားသမ္မတ Vladimir Putin နဲ့ ယူကရိန်း သမ္မတဟောင်း Victor Yanukovych
တို့နောက်ကနေ လှုံ့ဆော်ပြီး ငွေထောက်ပံ့ပေးနေတယ်လို့
လူမှုရေးအင်တာနက်စာမျက်နှာမှာ စွပ်စွဲလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.