0

Microsoft က Xbox One အတွက် Server သုံးသိန်းကျော်ကို အသုံးပြုထားပြီး တစ်ချို့ Server တွေကို Bing ကို အသံဖြင့်ခိုင်းစေနိုင်ဖို့ ပြုလုပ်ထားတာဖြစ်ပါတယ်။ Microsoft ရဲ့ Xbox 360 ဂိမ်းစက်တွေမှာ Bing ကို အသံဖြင့်ခိုင်းစေနိုင်ပြီး ဂိမ်းစက်အသစ်ဖြစ်တဲ့ Xbox One မှာ ဒီ Feature ကို ပိုမိုကောင်းမွန်အောင် ဆန်းသစ်တီထွင်ထားပါတယ်။ Xbox One ကိုအသံဖြင့်ခိုင်းစေထိန်းချုပ်နိုင်တဲ့ နည်းပညာကို ပြသထားတဲ့ ဗီဒီယို တစ်ခုမှာဆိုရင် Xbox 360 မှာ အသုံးပြုတဲ့ Commands တွေကို Xbox One မှာ အသံဖြင့်ခိုင်းစေထိန်းချုပ် နိုင်တာကိုတွေ့မြင်ရပါတယ်။ Apple ရဲ့ Siri နဲ့ ဆင်တူတာကိုလည်း တွေ့ရပါတယ်။


“I feel like watching the movie Star Trek Into Darkness,” လို့ အသံထွက် စကားပြောလိုက်ရင် အဲဒီရုပ်ရှင်ကားကို ရှာပေးမှာဖြစ်ပြီး “show me action adventure games” လို့ခိုင်းစေလိုက်ရင်တော့ စွန့်စားကစားရတဲ့ ဂိမ်းတွေကို ပြသပေးမှာဖြစ်ပါတယ်။ Apple နဲ့ Google တို့က ဒီနည်းပညာ မှာ Microsoft ရဲ့ ရှေ့ ကပြေးနေတာဖြစ်ပြီး Microsoft က နောက်ကနေ လိုက်နေရတာဖြစ်ပါတယ်။ ဘာသာစကားတွေကို နားလည်နိုင်စွမ်းမြင့်တဲ့ Deep Neural Networks လို့ခေါ်တဲ့ နည်းပညာ ကို Microsoft ကအသုံးပြုနေတာဖြစ်ပြီး Xbox One မှာ အသုံးပြုမှု အရ နောက်ပေါ်လာမယ့် Windows , Windows Phone တွေမှာ ဒီနည်းပညာတွေပါ၀င်လာမယ်လို့မျှော်လင့်ရပါတယ်။ Apple ရဲ့ Siri နဲ့ ဆင်တူတဲ့ Cortana ကို Windows Phone 8.1 မှာ နောက်နှစ် အစောပိုင်းမှာ Microsoft က Update ပြုလုပ်ပေးမယ် လို့ လည်း မျှော်လင့်ရပါတယ်။

အသံနဲ့ ထိန်းချုပ်စေခိုင်းတာအပြင် ဂိမ်းတွေကို Record လုပ်ထားတဲ့ ဗီဒီယို ဖိုင်တွေကို SkyDrive ကို Upload ပြုလုပ်ဖို့ကိုပါ Xbox One မှာပြုလုပ်နိုင်လာပါတယ်။ SkyDrive နဲ့ Xbox One တို့ကို ပိုမိုပူးတွဲပြီး အသုံးပြုနိုင်ဖို့ Microsoft ကပြုလုပ်ပေးထားတာတွေအများကြီးရှိပါသေးတယ်။ SkyDrive မှာသိမ်းထားတဲ့ ဗီဒီယို တွေကို တစ်ခြား ဂိမ်းကစားသူတွေအပြင် YouTube , Social Networks တို့မှာလည်း Share လုပ်နိုင်ပါတယ်။


Ref-Myanmar iCT

Post a Comment

 
Top