ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကတော့ ၂၀၀၉ ခုနှစ်က မယ်အင်္ဂလန် (Miss
England) ဆုရထားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒါတင်မကပဲ လက်ရှိမှာ သူမဟာ
အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိတစ်ဦး ဖြစ်ပါတယ်။ Katrina
Hodge လို့ အမည်ရပါတယ်။
အသက် ၁၇ နှစ်မှာ အစ်ကိုဖြစ်သူရဲ့  မြောက်ပေးမှုကြောင့် စစ်ထဲ
ဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့  တော်ဝင်ကြည်းတပ်ကို ဝင်လိုက်တာ ဖြစ်ပါတယ်။
စစ်တပ်မှာ သူရဲ့ နာမည်ပြောင်က အရုပ်မ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး
မျက်တောင် ခဏခဏ ကော့တာကြောင့် ဒဏ်ပေးတာ ခံရပြီး အရုပ်မလို့ နာမည်
ပြောင်ပေးထားပါတယ်။
၂၀၀၅ ခုနှစ် ရောက်တော့ အီရတ်မှာ တာဝန်ကျပါတယ်။ အီရတ်မှာ တာဝန် ကျစဉ်
အင်မတန် ရဲစွမ်းသတ္တိကြီးတဲ့ စစ်သူရဲလို့ နာမည်ကြီးပါတယ်။ ရှေ့ တန်း
တိုက်ပွဲတွေမှာ သူပါပြီး သူကယ်လို့ အသက်မသေတဲ့ စစ်သားတွေ လည်း ရှိပါတယ်။
ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ ရန်သူတွေကိုလည်း နပန်းသတ် အနိုင်ယူခဲ့သူ
ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ဒုတပ်ကြပ် အထိ ရာထူး
တိုးမြင့်ခံခဲ့ရပါတယ်။ ယခု ဆိုရင် တပ်ကြပ်ကြီး အဆင့်တောင် မကတော့ပါဘူး။
အာဖဂန်နစ္စတန်မှာ ရာထူးကြီးတဲ့ အမျိုးသမီး ကြည်းတပ် အရာရှိ ဖြစ်နေပါပြီ။
၂၀၀၈ ခုနှစ်ကစလို့ အလှမယ် ပြိုင်ပွဲတွေ စပြိုင်ပါတယ်။ တော်ဝင် ကြည်းတပ်
ကိုယ်စားပြုအနေနဲ့ စတင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မို့
ရက်ပိုင်းပဲ အချိန်ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကျင်းပတဲ့ မယ်အင်္ဂလန် မှာတော့ 1st
runner up ရရှိပါတယ်။ သို့ပေမယ့် သရဖူ ရတဲ့ မယ်က မှုခင်းတစ်ခုကြောင့်
လက်လွတ်ရပြီး Katrina Hodge ဟာ မယ် အင်္ဂလန် အဖြစ် သရဖူ ဆောင်းနိုင်ခဲ့ပါတယ်။
တစ်နှစ်တိတိ လူမှုပရဟိတ လုပ်ငန်းလုပ်ပြီး ၂၀၁၀ ရောက်တော့ တပ်ထဲ
ပြန်ဝင်ခဲ့ပါတယ်။
ယခုတော့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ
တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် စစ်အရာရှိတစ်ဦး နဲ့လည်း ၂၀၁၀ ခုနှစ် ဇွန်လက
လက်ထက်ခဲ့ပါတယ်။ လက်ရှိချိန်မှာ ဗြိတိန် အစိုးရက တရားဝင် ပြုလုပ်ပေးထားတဲ့
စစ်သားများ အောင်သွယ်ဝဘ်ဆိုဒ် Uniform Dating ကိုလည်း ဦးစီး
လုပ်ကိုင်ပေးနေပါတယ်။ ရှေ့ တန်းစစ်မျက်နှာမှာလည်း တာဝန်ထမ်းဆောင်နေပါတယ်။
ဒါကြောင့် Katrina ဟာ မယ်ဖြစ်လာတဲ့ ပထမဆုံး စစ်သမီးလို့ ထင်ရှားပြီး
ဗြိတိန်နိုင်ငံရဲ့ စံပြ အမျိုးသမီး အဖြစ်လည်း လူသိများကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.