ရန်ကုန်၊ မြန်မာ၊ ၂၀၁၃
ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့ – ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရှိ
ဝန်ကြီးဌာနပေါင်းစုံမှ အစိုးရအရာရှိ ၁၀ ဦး အား
ခေါင်းဆောင်မှုဆိုင်ရာအစီအစဉ်တစ်ရပ်ဖြစ်သည့် ASEAN Policy Leadership Forum (APLF)
ကို General Electric (GE) မှ စီစဉ်ကျင်းပခဲ့ပါသည်။ စင်္ကာပူနိုင်ငံရှိ လီကွမ်ယု
ပြည်သူ့ရေးရာမူ၀ါဒတက္ကသိုလ် (Lee Kuan Yew
School of Public Policy) တွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၈
ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့် အဆိုပါဖိုရမ်တွင် တက်ရောက်ပါ၀င်သူများအား
ယှဉ်ပြိုင်မှုဆိုင်ရာမူ၀ါဒ (Competition Policy) ၊ ပွင့်လင်းမြင်သာမှုနှင့်
အထောက်အပံ့ စုဆောင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Transparency, and
Procurement Practices) ကို အဓိကထား ဝေမျှပေးခဲ့ပါသည်။
နှစ်ရက်တာပြုလုပ်ခဲ့သည့်
အဆိုပါဖိုရမ်တွင် ပါဝင်တက်ရောက်သူများအနေဖြင့် ဒေသတွင်းတွင် ယှဉ်ပြိုင်မှုဆိုင်ရာ
မူဝါဒရေးရာ (Competition Policy) ၊ စည်းမျဉ်းဥပဒေလိုက်နာမှုနှင့်
အကျင့်ပျက်ခြစားမှုထိန်းချုပ်ရေး (Compliance and Corruption control)၊အထောက်အပံ့စုဆောင်းရေးဆိုင်ရာ
လုပ်ထုံးလုပ်နည်းများ (procurement practice) ကို ဆွေးနွေးခဲ့ကြကာ
ပြောင်းလဲမှုအရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်လည်း
ပါဝင်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင်
သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့်ပို့ချရေးနှင့် စွမ်းရည်မြှင့်တင်ရေး
အစီအစဉ်များအတွက် GE က ကူညီထောက်ပံ့ရန် ကတိပြုထားသည့် အမေရိကန်ဒေါ်လာ ခုနစ်သန်း၏
တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့် လေးနှစ်တာ ကာလအတွင်း APLFအစီအစဉ်ဖြင့် တစ်နှစ်လျှင်
အစိုးရအရာရှိ ၁၀ ဦးကို သင်တန်းပေးသွားရန်
သံဓိဋ္ဌာန်ချထားပါသည်။
အသေးစိတ်သိရှိလိုပါက
TODAY Ogilvy Public
Relations
Hla Myat Mon
Shane Neubronner
95-09-5096881
95-09-421151418
သို့မေးမြန်းနိုင်ပါသည်။
Ref-Myanmar iCT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.