0

Galaxy Gear Smartwatch ဟာ အောင်မြင်မှုရမှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေကို အဆုံးသတ်စေဖို့ စမတ်နာရီ ရဲ့ ရောင်းချရမှုကို ပထမဆုံးအကြိမ် Samsung ကပြသလိုက်ပါတယ်။ Android OS အသုံးပြုမောင်းနှင်တဲ့ စမတ်နာရီ ဟာ စတင်ရောင်းချခဲ့တဲ့ စက်တင်ဘာလ ကနေယခုအချိန်အထိ အလုံးပေါင်း ရှစ်သိန်း ရောင်းချခဲ့ရတဲ့အတွက် မျှော်လင့်ထားတာထက်ပို ရောင်းကောင်းနေတာဖြစ်ပါတယ်။ တောင်ကိုရီးယား မှာတင် အလုံး ငါးသောင်းရောင်းချရတယ်လို့ စစ်တမ်းတွေကဖော်ပြထားပါတယ်။


Galaxy Gear ရောင်းအားကောင်းစေဖို့ အတွက် Samsung က Galaxy Note 3 နဲ့တွဲဖက်ရောင်းချခဲ့တာဖြစ်ပါတယ်။ UK က တစ်ချို့ Mobile Carrier တွေနဲ့လည်း ပူးပေါင်းပြီး Note 3 ကို၀ယ်ယူပြီး နှစ်နှစ်စာချုပ်နဲ့ Carrier ကိုအသုံးပြုမယ်ဆိုရင် Gear ကို အခမဲ့ပေးတဲ့ အစီအစဉ်တွေကိုလည်း Samsung ကပြုလုပ်ခဲ့ပါသေးတယ်။ Galaxy Gear ဟာ အခုဆိုရင် Sony Smartwatch နဲ့ Pebble Smartwatch တို့ကိုကျော်လွှားပြီး ရောင်းအကောင်းဆုံး စမတ်နာရီဖြစ်လာပြီလို့ Samsung က ယုံကြည်နေပါတယ်။ အားလက်ရက် ရာသီ ရောက်လာတော့မှာဖြစ်တဲ့အတွက် Gear ကို အရောင်းမြှင့်တင်ဖို့အစီအစဉ် တွေကို ပြုလုပ်မယ်လို့ Samsung ကပြောကြားပါတယ်။ အနာဂတ်မှာထုတ်လုပ်မယ့် ဖုန်းတွေနဲ့ Gear ကိုတွဲဖက်သုံးနိုင်အောင်လည်း ပြုလုပ်မှာဖြစ်ပါတယ်။


Ref-Myanmar iCT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top