0
ရန်ကုန် ကချင်လူထု၏ တောင်းဆိုချက် အရ ရန်ကုန်မြိုသို့ ရောက်ရှိနေသည့်  ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်သည် ရန်ကုန်မြို စမ်းချောင်းမြိုနယ် ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် ဘုရားကျောင်းတွင် နိုဝင်ဘာ ၁၉ရက် က တွေ့ ဆုံခဲ့ကြ သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် အစိုးရနှင့် ကေအိုင်အေ စစ်တပ်အကြား တကျော့ပြန်စစ်ပွဲများဖြစ်ပွားခဲံ့ပြီး နောက်ပိုင်းတွင်း ရန်ကုန်မြိုသို့ ပတ်စ်ပို့ လုပ်ရန် ပထမဆုံးရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အခြေစိုက်မီဒီယာများနှင့် တွေ့ ဆုံခဲ့သည့်အပြင် ကချင်လူထု၏ တောင်းဆိုချက် အရ တွေ့ ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ တွေ့ ဆုံပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်မှ မိမိသည် ပြည်သူလူထုနှင့် တသား တည်းဖြစ်စေရန် ကြိုးစားနေကြောင်း ပြည်သူများ အတွက် အာမခံချက်ရှိသည့် ငြိမ်းချမ်းရေး တစ်ရပ်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
" ကေအိုင်အေ အနေနဲ့ စစ်ပွဲ တွေမဖြစ်ဖို့ အတတ်နိုင်ဆုံးရှောင် ရှားခဲ့ပါတယ်။ နောက်ဆုံးရှောင်လွဲလို့ မရတဲ့ အနေထားရောက်မှ စစ်တိုက် ခဲ့ရတာပါ။ လက်ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် အဓီကပြောချင် တာက ပြည်သူလူထု ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ အာမခံချက်ရှိတဲ့ အပစ်ခတ်ရပ်စဲရေး ရအောင် လုပ်ဆောင် သွားမှာပါ" ဟု ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော ကကချင်လူထု အားပြောကြား ခဲ့သည်။
ဗိုလ်ချုပ်ဂွမ်မော်သည် လာမည့်နိုဝင်ဘာလ တတိယပတ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်မည့် နိုင်ငံရေးပါတီ များနှင့်တိုင်းရင်းသား လက်နက် ကိုင်များဆွေးနွေးပွဲသို့ သွားရောက် မည်ဖြစ်ပြီး ရန်ကုန်ရှီကချင်လူထု ၂၀၀၀ ကျော်မှ ယင်းအား တခဲနက်ကြိုဆို၍ ဆုတောင်း ၀တ်ပြုချင်းများပြု လုပ်ပေးခဲ့သည်။
ထို ပြင် ရန်ကုန်မြိုသို့ ရောက်ရှိနေသော ဗိုလ်ချုပ်ဂွမ်မော်သည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့ နှင့် တွေ့ ဆုံကာ လက်ရှိဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ပန်းမိုးဝါ (ရိုးရာလေး)

Post a Comment

 
Top