2013 ခုနှစ်ဒီဇင်ဘာအကုန်တွင်
မြန်မာစတော့အိတ်ချိန်း အဆောက်အအုံကို အပြီးပြင်ဆင်ရန်နှင့် စတော့အိတ်ချိန်းကုမ္ပဏီများကို
အပြီးတည်ထောင်ရန် အဆိုပါဈေးကွက် ပေါ်ပေါက်လာစေရေး အကူအညီပေးလျက် ရှိသော ဂျပန်ပညာရှင်များက
လမ်းပြမြေပုံသတ်မှတ်ပေးထားကြောင်းသိရသည်။
၄င်းပညာရှင်များ
သတ်မှတ်ပေးထားသည့်လမ်းပြမြေပုံတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်း၀ယ်ရေး ဥပဒေရေးဆွဲရန်၊
နည်းဥပဒေများချမှတ်ရန်၊ စတော့အိတ်ချိန်းကော်မရှင်ဖွဲ့စည်းရန်၊ စတော့အိတ်ချိန်း ကုမ္ပဏီများထူထောင်ရန်၊
စတော့အိတ်ချိန်းအဆောက်အအုံကို အပြီးသတ်ပြင်ဆင်ရန်တို့ပါ၀င်သည်။
အဆိုပါလမ်းပြမြေပုံအရ
သက်ဆိုင်ရာတာ၀န်ရှိသူများအနေနှင့် စတော့အိတ်ချိန်းဆိုင်ရာနည်းဥပဒေနှင့်စည်းမျဉ်းများကို
နို၀င်ဘာတွင်အပြီးပြဌာန်းရမည်ဖြစ်ပြီး ကော်မရှင်ကိုလည်း နို၀င်ဘာတွင်အပြီးဖွဲ့စည်းရမည်ဖြစ်သည်။
စတော့အိတ်ချိန်းကုမ္ပဏီများ
ထူထောင်ရန်နှင့် စတော့အိတ်ချိန်းအဆောက်အအုံကို အပြီးသတ်ပြင်ဆင်ရန် ဒီဇင်ဘာတွင် အပြီးပြုလုပ်ရမည်ဟု
လမ်းပြမြေပုံတွင် သတ်မှတ်ပေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်အမီ စတော့အိတ်ချိန်း
ဈေးကွက်ပေါ်ပေါက်ရမည်ဟု သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသော်လည်း ငွေချေးသက်သေခံလက်မှတ်
များလဲလှယ်ရောင်၀ယ်ရေးဥပဒေ Securities Exchange Law ပေါ်ထွက်မှုမှာ နောက်ကျနေသဖြင့်
လုပ်ငန်းအစီအစဉ်များလည်း နောက်ကျလျက်ရှိကြောင်း သိရသည်။
ထွက်ပေါ်လာသော
SE Law တွင်စတော့အိတ်ချိန်းဈေးကွက်၀င်ကုမ္ပဏီများအနေနှင့် မှားယွင်းသော၊ မပြည့်စုံသော၊
အချိန်မကျသေးသော (သို့မဟုတ်) နားလည်မှုလွဲမှားစေနိုင်သော သတင်းထုတ်ဖေါ် ပြောကြားမှုများကို
ပြုလုပ်ပါက ရာဇ၀တ်ကြောင်းနှင့် တရားမကြောင်းအရ တရားစွဲဆိုနိုင်သည့်အပြင် အုပ်ချုပ်မှု
အဖွဲ့မှပြစ်ဒဏ်ပေးခြင်း၊ စတော့အိတ်ချိန်းမှ ပိတ်ပင်ခြင်း(စတော့အိတ်ချိန်းစာရင်း၀င်ကုမ္ပဏီအဖြစ်မှထုတ်ပယ်ခြင်း)
တို့ကိုပြုလုပ်နိုင်သည်ဟု စတော့အိတ်ချိန်း ပေါ်ပေါက်ရေးအတွက် နည်းပညာအကူအညီပေးနေသော
ဂျပန်ဥပဒေ ပညာရှင်တစ်ဦးကဆိုသည်။
အဆိုပါ SE Law တွင်မြန်မာနိုင်ငံစတော့အိတ်ချိန်းဈေးကွက်သို့
နိုင်ငံခြားကုမ္ပဏီများ၀င်ရောက်မှုနှင့် ပတ်သက်၍ ဖေါ်ပြမထားကြောင်းသိရသည်။မြန်မာနိုင်ငံတွင်စတော့အိတ်ချိန်းဈေးကွက်ဖေါ်ဆောင်ရာ၌
ကျွမ်းကျင်၀န်ထမ်းရှားပါးသည့် ပြဿနာများနှင့်လည်း ရင်ဆိုင်နေရကြောင်းသိရသည်။
Ref-Myanmar iCT
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.