0

နို၀င်ဘာ ၉ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ပြုလုပ်မည့် ၂၀၁၃ ခုနှစ် မယ်စကြာ၀ဠာပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်၀င်ရောက် ယှဉ်ပြိုင်သူ မိုးစက်ဝိုင်သည် အင်တာနက်မှ တစ်ဆင့်မဲပေး ရွေးချယ်သည့် Pepople`s Choice Award ဆုအတွက် နိုင်ငံတကာ အလှမယ်ပေါင်း ၈၇ဦးအနက် နံပါတ်(၁)နေရာတွင် ရရှိနေကြောင်း သိရသည်။


ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ၏ အားပေးမှုကြောင့် အဆိုပါဆုအပြင် အခြားသော အင်တာနက်မှ တစ်ဆင့်မဲပေးနိုင်သည့် ဆုသေးအများစုတွင်လည်း နိုင်ငံတကာအလှမယ်များထက် မြန်မာအလှမယ်က တစ်ပြေးလျက်ရှိနေကြောင်း မယ်စကြာ၀ဠာပြိုင်ပွဲ နှင့်ဆက်စပ်သည့်သတင်းများအရ သိရသည်။

ထို့အပြင် နို၀င်ဘာ၅ရက်ညက Crocus မြို့တော်ခန်းမ၌ ကျင်းပခဲ့သော ရေကူး၀တ်စုံနှင့် ညနေခင်း၀တ်စုံတို့ဖြင့် ယှဉ်ပြိုင်သည့်ပွဲတွင် ညနေခင်း၀တ်စုံအလှဆုံးမယ် ထိပ်ဆုံး ငါးဦးစာရင်း၌ မြန်မာအလှမယ် မိုးစက်ဝိုင်က အဆင့်သုံးနေရာတွင် ရုရှား၀က်ဘ်ဆိုက်ကြီး Pageantary and beauty Queen ၏ရွေးချယ်ခြင်းခံရပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကြီး၏ ထိပ်ဆုံးငါးဦးတွင် ဖိလစ်ပိုင်မယ် လည်းရွေးချယ်ခြင်းခံရပြီး ပြိုင်ပွဲကြီး၏ရေကူး၀တ်စုံဖြင့် အလှဆုံး စာရင်းသုံးဦး၌လည်း ဖိလစ်ပိုင်မယ်က ထပ်မံရွေးချယ်ခံထားရသည်ဟုဆိုသည်။ မယ်စကြာ၀ဠာ မြန်မာအဖွဲ့အစည်းကြီး၏ ပြန်ကြားရေးဆိုင်ရာ မန်နေဂျာကို ချမ်းလင်းသူက နို၀င်ဘာ ၆ ရက်ကစံတော်ချိန် သို့ပြောဆိုရာမှာ “အခုရွေးချယ်လိုက်တယ်ဆိုတာက မယ်စကြာ၀ဠာ အဖွဲ့အစည်းကြီးက မဟုတ်ပေမယ့် သူတို့ရဲ့ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကပဲ ရွေးချယ် လိုက်တာပါ။



Ref-Myanmar iCT

အခုထွက်ပေါ်နေတဲ့ ဆန်ခါတင်မယ် ၁၆ ဦးကို ဆီးမီးဖိုင်နယ်ရွေးချယ်လိုက်ပြီ။ မြန်မာမယ်မပါဘူးဆိုတာလည်း အတည်မဟုတ်ပါဘူး။ တကယ့်ဆန်ခါတင် ၁၆ ဦးကိုနို၀င်ဘာ ၉ရက်နေ့ကျမှ စင်ပေါ်မှာ ဆွဲရွေးသွားမယ့် သဘောရှိပါတယ်။ အခုရက်ပိုင်း ထွက်ပေါ်နေတာက မယ်စကြာ၀ဠာအဖွဲ့အစည်းကြီးက တရား၀င် ရွေးချယ်ထားတာ မဟုတ်ပါဘူး”ဟုရှင်းပြသည်။

ညနေခင်း၀တ်စုံဖြင့် အလှဆုံးမယ်ရွေးချယ်ခံထားရသူများမှာ ကနေဒါမယ်၊ ဒိုမီနီကန်ရီပတ်ဘလစ်မယ်၊ မြန်မာ မယ်၊ ပြင်သစ်မယ်နှင့် ဖိလစ်ပိုင်မယ်တို့ဖြစ်ကြောင်းသိရသည်။ MissUniverse 2013 ရောက်ရန်ကြား တစ်ရက်သာလိုတော့သည်။ ပြိုင်ပွဲကြီးနီးလာသည်နှင့် အမျှရင်ခုန်သံတွေလည်းပို၍မြန်လာကြပြီ။ ကာယကံရှင် ကိုမဆိုထားနှင့် မြန်မာပရိသတ်တွေလည်း မျှော်လင့်ကြီးစွာဖြင့်စောင့်စားနေရသည်။ ပြိုင်ပွဲကြီး မြန်မြန်ပြီးလို့ မြန်မာ့အလှမယ် မိုးစက်ဝိုင် တစ်ယောက် MissUniverse ဆုကြီးဆွတ်ခူးနိုင်ပါစေဟု ဆုတောင်းနေကြရပေတော့မည် ဖြစ်ပါသည်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top