0

ရွှေပြည်တံခွန် တယ်လီကွန်း (အများပိုင်) ကုမ္ပဏီ လီမိတက်နှင့်ဂျာမနီနိ်ုင်ငံ G & D ကုမ္ပဏီလီမီတက်တို့ ပူးပေါင်း၍ GSM Sim Card စီမံခန့်ခွဲမှုဆိုင်ရာ workshop (အလုပ်ရုံဆွေးနွေးပွဲ)ကို အောက်တိုဘာ ၃၀ ရက်နံနက် ၉နာရီကနေပြည်တော် ဟိုတယ်ဇုန်ရှိ Sky Palace Hotel ၌ ကျင်းပရာ မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ၀န်ကြီး ဌာနမှ တာ၀န်ရှိသူများ အင်ဂျင်နီယာများ၊ ဖိတ်ကြားထားသူ များတက်ရောက် ကြသည်ဟု သိရသည်။


အခမ်းအနားတွင် ရွှေပြည်တံခွန် တယ်လီကွန်း ကုမ္ပဏီလီမိတက်မှ Chairman & Managing Director ဦးလွင်နိုင်ဦးက အမှာစကားပြောကြားပြိး ဂျာမနီနိုင်ငံ G & D ကုမ္ပဏီလိမိတက်မှ Technical Account Manager, Mr Choy Leong Soon ကနည်းပညာရပ်ဆိုင်ရာ အချက်အလက် များအားရှင်လင်း တင်ပြကာ တက်ရောက်လာကြ သူများ၏ မေမြန်းချက်များကို ပြန်လည်ဖြေကြား ကြသည်။

ဂျာမနီနိုင်ငံ G & D ကုမ္ပဏီလီမိတက် မှထုတ်လုပ်မည့် Sim Card များ၏ ထူးခြားချက်မှာ Card ထဲတွင် မိမိ၏ ဘဏ်စာရင်း၊ Credit Card စသည့်အချက်အလက် အားလုံးပါ၀င်မည်ဖြစ်ပြီး မိမိ၏ ပိုက်ဆံအိတ် တစ်ခုကဲ့သို့ တယ်လီဖုန်းကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် NFC စနစ်ပါရှိသဖြင့် မီးရထားလက်မှတ်ကို Phone ဖြင့်ကြို ဝယ်ထားနိုင်ပြီး ဘူတာရုံ ရောက်လျှင် လက်မှတ်ပြစရာ မလိုပဲ ရထားပေါ် တက်ရန်အလိုအလျောက် အိီလက်ထရွန်နစ်စနစ်ဖြင့် တံခါးဖွင့်သွားမည် ဖြစ်သည်။

၄င်းအပြင် မိမိအိမ်၊ မိမိအခန်းကို အိီလက်ထရွန်နစ်စနစ်ဖြင့် ပြုလုပ်ထားလျှင် ဖုန်းဖြင့်အလိုအလျေက် အချက်ပြဆက်သွယ်မှုကြောင့် တံခါးအဖွင့် အပိတ်ပြုလုပ်နိုင်မည်ဖြစ်သည်။ Sim Card Department Store များတွင် မိမိ၏ Account မှ ပေးချေခြင်း လုပ်ငန်းကိုလည်း လုပ်ဆောင်နိုင် မည်ဟုဆိုသည်။


Ref-Myanmar iCT

Post a Comment

 
Top