0



Google Nexus 5 Released
--- --- --- --- --- --- --- ---

အားလုံးပဲမျှော်လင့်စောင့်စားနေတဲ့အတိုင်း Google Nexus 5 ကို LG Co.Ltd နဲ့တွဲဖက်ပြီး Oct 1 မှထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ Smart ကျတဲ့ဖုန်းအသွင်အပြင်နဲ့ အသစ်ထွက် Android Kit Kat တို့ရဲ့နူးညံ့မှု့ကိုပေါင်းစပ်ဖော်ထုတ်ထားတဲ့ Google ရဲ့နည်းပညာတစ်ခုပဲလို့ တစ်ချို့သော Webpage တွေမှာတင်စားဖော်ပြထားကြပါတယ်။ Google Nexus 5 မှာပါတဲ့ Feature တွေက -

Bold new speeds and wireless living.

4.8 အောင်စလေးပြီး 8.59mm အထူပဲရှိပါတယ်၊ 4.95” လက်မအရွယ်ရှိတဲ့ Screen မျက်နှာပြင်နဲ့ 1920x1080 display (445 ppi) ပါဝင်မှာဖြစ်ပါတယ်
Snapdragon™ 800, 2.3GHz processor ကိုအသုံးပြုထားပြီး 4G/LTE နဲ့ Dualband Wi-Fi ကိုအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့
ဒီဖုန်းအတွက် Android™ 4.4, KitKat® အသစ်ထွက် OS ကိုပါအသုံးပြုထား
ပြီး Wireless charging နဲ့ပါအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

Design ပိုင်းကိုလေ့လာချင်တယ်ဆိုရင်တော့ ဒီ Youtube မှာကြည့်ပါ..



Google ရဲ့ Official Webpage မှာလဲ Feature တွေကိုလေ့လာနိုင်ပါတယ်
 
http://www.google.com/nexus/5

Google ကတရားဝင်သတ်မှတ်ထားတဲ့ရောင်းဈေးတွေကတော့
16GB - 349$
32GB - 399$ ဖြစ်ပါတယ်။

လက်ရှိအခြေနေမှာတော့ သူ့ရဲ့ Performance ကိုစမ်းသပ်အသုံးမပြုရသေးတဲ့အတွက်ဘာမှမညွှန်းနိုင်သေးပါဘူး ၊ ဒါမဲ့ ကြည့်ရတာတော့ Android ဖုန်း
တိုင်းရဲ့ OS အရှင်သခင်ဖြစ်တဲ့ Google ရဲ့လက်ရာကညံ့ဖျင်းတဲ့အထဲမှာမပါ
လောက်ဘူးလို့ထင်ပါတယ်...

 Ref :
Android News

Post a Comment

 
Top