0

NASA က ဒုံးပျံတစ်စင်း ကို ဗာဂျီးနီးယား ပြည်နယ် က ကျွန်းတစ်ခုကနေ အကာသ ထဲသို့ မနေ့က လွှတ်တင်ခဲ့ပါတယ်။ အဲဒီ ဒုံးပျံ မှာ Satellite (၂၉) လုံးပါရှိပြီး ဒုံးပျံ တစ်စင်းမှာ Satellite အများဆုံး သယ်ဆောင်နိုင်မှု အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ထူးခြားတာ က အဲဒီ Satellite တွေထဲက တစ်ခု ဟာ အမေရိကန် ကျောင်းသားတွေပြုလုပ်ထားတာဖြစ်ပါတယ်။ TJ3Sat လို့နာမည်ပေးထားတဲ့ Satellite ကို ဗာဂျီးနီးယား မှ အမေရိကန် ကျောင်းသားတွေနဲ့ ဆရာ တွေက ခြောက်နှစ်ကျော် အချိန်ယူတည်ဆောက်ထားခဲ့ တာဖြစ်ပါတယ်။ အာကာသ ကိုရောက်ရှိသွားတဲ့ ကျောင်းသားတွေ တည်ဆောက်တဲ့ ပထမဆုံးသော Satellite လည်းဖြစ်ပါတယ်။


အဲဒီ Satellite က ပေးပို့တဲ့ အသံတွေကိုသင်ကြားနိုင်ပါတယ်။ ရေဒီယို တစ်လုံးရှိရင် အိမ်အပြင် ဖက်ထွက်ပြီး (437.320 MHz) Frequency ကို သတ်မှတ်ပါ။ အဲဒီ Satellite ရဲ့ Voice Processor က ထုတ်လွှင့်တဲ့ အသံတွေကို ကြားနိုင်မှာဖြစ်ပါတယ်။ အဲဒီ စကားသံတွေဟာ ကမ္ဘာပေါ်ကလူတွေရဲ့ စကားသံတွေဖြစ်ပြီး သင် လည်း စကားပေးပို့ချင်ရင် အောက် ကလင့် ကနေ Form ဖြည့်နိုင်ပါတယ်။ ကမ္ဘာပေါ်က လူတွေပြောဆိုနေတာကို အာကာသ ကနေတစ်ဆင့် ကြားနေရတာဖြစ်ပါတယ်။

https://docs.google.com/forms/d/1DTWC3GEkXsuoYJYdnk1YL0I8sjxuIqlKUPvbRGDPGrE/viewform

TJ3Sat ကို ကျောင်းသားတွေ၊ ဆရာ တွေ အသုံးပြုဖို့ ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။ ရေဒီယို နဲ့ Satellite ကိုအသုံးပြုပြီး စာသင်ခန်း တစ်ခု က ပြောတဲ့ စကားတွေကို တစ်ခြား စာသင်ခန်း တစ်ခု ကနေ ကြားရမှာဖြစ်ပါတယ်။

TJ3Sat ကို တီထွင်ဖို့ Adam Kemp ဆိုတဲ့ ဆရာ တစ်ယောက်က ၂၀၀၆ ခုနှစ်မှာ အကြံ ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် ကတည်းက Kemp နဲ့ ကျောင်းသား ငါးဆယ်ဟာ အဲဒီ Project ကို စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ ဗာဂျီးနီးယား အခြေစိုက် Space Company ကလည်း လိုအပ်တဲ့ ပစ္စည်းတွေ၀ယ်ယူဖို့ ဒေါ်လာ ၃၀၀၀၀ အလှူပေးခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု က အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ဆိုဗီယက် ပြည်ထောင်စု ကလည်း အခုလို Project တစ်ခုကိုပြုလုပ်ခဲ့ဖူးပါတယ်။


Ref-Myanmar iCT News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top