0

သံဃိက ပစ္စည်းလို့ သာသနာရေး ဝန်ကြီးပြော


ကျပ်သိန်းပေါင်း သောင်းကျော် ကုန်ကျပြီး ၁၉၉၉ မှာ ဖွင့်လှစ် ခဲ့တဲ့ ရန်ကုန်မြို့ တာမွေ နတ်ခေျာင်း က မဟာသန္တိသုခ ကျောင်း ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပထမ ကျောင်းထိုင် ပီနန် ဆရာတော်နဲ့ သာသနာရေး ဌာန ကြား အငြင်းပွား နေပါတယ်။

အစိုးရက သူ့ကို ရေစက်ချ လှူခဲ့ပြီး မြေဂရန်နဲ့ တကွ သူပိုင်ဆိုင်ကြောင်း အထောက်အထား ရှိတယ် လို့ ပီနန် ဆရာတော် ဦးပညာဝံသက ဆိုပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    သံဃာ့ လှုပ်ရှားမှု ၆ နှစ်ပြည့် ကျင်းပ
    မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ရေး သံဃာတော်တွေ ဆွေးနွေး
    ထိုင်းသံဃာတွေ စည်းစိမ်ခံ နေထိုင်မှု ဝေဖန်ခံရ

ဒါကို ၂ဝဝ၂ ခုနှစ် ကျမှ အစိုးရက သိမ်းပြီး သံဃာ့ မဟာနာယက အဖွဲ့ကို ဒုတိယအကြိမ် ရေစက်ချ လှူဒါန်းတယ် ဆိုပြီး အပ်ခဲ့ တာလို့ ဆရာတော်က မိန့်ပါတယ်။

ပီနန်ဆရာတော် ပြည်ပ ရောက်နေချိန်မှာ ဖြစ်ခဲ့ပြီး ကျောင်းကို သိမ်းတယ် ဆိုတဲ့ အဲဒီ အချိန်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်က တကယ်တော့ ကျောင်းကို သိမ်းတာ မဟုတ်ကြောင်း သူ့ထံ စာရေး အကြောင်းကြား တယ် လို့လည်း ဆရာတော်က ဆိုပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ကို စာရေး တိုင်ကြားတဲ့ အခါ သမ္မတက မူလပိုင်ရှင်ကို ပြန်ပေးရမယ်လို့ အဆုံးအဖြတ် ပေးထား ကြောင်းလည်း ပီနန် ဆရာတော်ကြီးက မိန့်ပါတယ်။

သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် ကတော့ ဒီကျောင်းကို သူ ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချပြီး ဆောက်ခဲ့ကြောင်းနဲ့ နိုင်ငံတော်နဲ့ အိုးအိမ်၊ စည်ပင်ဌာနတွေ ပေါင်းပြီး သိန်းပေါင်း သောင်းနဲ့ချီ အကုန်ခံ ဆောက်တာလို့ ပြော ကြောင်း သာသနာရေး ဝန်ကြီးဌာန ဝက်ဆိုက်မှာ ရေးထားပါတယ်။

ပီနန် ဆရာတော်ကြီးရဲ့ တပည့်များ လှူဒါန်းငွေက သိန်း ၉ဝဝ ကျော် ၁ဝဝဝ လောက်ပဲ ရှိခဲ့တာ လို့လည်း သူကဆိုပါတယ်။

ကျောင်းကြီးကို ရေစက်ချ လှူဒါန်းတဲ့ အခါမှာလည်း သာသနာတော်ကို လှူတာသာ ဖြစ်ကြောင်း အဲဒီ အချိန်က သံဃာ့ မဟာနာယက ဥက္ကဋ္ဌ မကွေး ဆရာတော်ကြီးက မိန့်တယ်လို့ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က ပြောတာကို အဲဒီစာမျက်နှာမှာ ဖော်ပြပါတယ်။

ပီနန်ဆရာတော်က ဒီကျောင်းကြီး ပြန်ရဖို့ ဥပဒေကြောင်း အရ ဆောင်ရွက်မယ်လို့ မိန့်ပါတယ်။

ဒါပေမဲ့ သံဃာ့အရေး ကိစ္စတွေ ဆုံးဖြတ်ရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ပြီး ကျောင်းတော်ကို လက်ရှိ ရယူထားတဲ့ သံဃာ့မဟာနာယက အဖွဲ့နဲ့ မူလပိုင်ရှင်လို့ ဆိုတဲ့ ပီနန်ဆရာတော်တို့ ကြား ဥပဒေအရ ဘယ်လို ဖြေရှင်းကြမှာလဲ ဆိုတာတော့ မရှင်းလင်းဘဲ ဖြစ်နေပါတယ် ။


BBC

Post a Comment

 
Top