0
 
ရက် ၃၀ ဝိတ်ချရေး စီမံကိန်းပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ မှာပါ။ ဝိတ်အများဆုံးချနိုင်တဲ့သူက ရွှေများများ ရမှာပါ။ နည်းနည်းလျော့နိုင်လည်း လျော့နိုင်သလောက် ဝိတ်တစ်ကီလိုဂရမ် ကျတိုင်း ကျတိုင်း ရွှေ တစ်ဂရမ် အလကားပေးမှာ ဖြစ်ပါတယ်။

ဝိတ်ချတဲ့အတွက် ပေးတဲ့ ဆုပါ။ ဒီအတွက် ယူအေအီး အစိုးရဟာ ရွှေ ပေါင်း များစွာ အသုံးပြုမှာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံ သား တွေပဲ ပါဝင်ယှဉ်ပြိုင် ခွင့်ရမယ့်ပြိုင်ပွဲ ဖြစ် ပါတယ်။ ပြိုင်ပွဲဝင်ဖို့ Register လုပ်ရုံနဲ့တင် ရွှေ လက်ဆောက်ပေးသေးတယ်လို့ ဆိုပါတယ်။
နိုင်ငံရဲ့  ကျန်းမာရေး စောင့်ရှောက်မှုအတွက် အစိုးရမှ ငွေကြေးသုံးစွဲမှုပါ။ အာရပ် ပင်လယ်ကွေ့နိုင်ငံတွေထဲမှာ ယူအေအီးဟာ အဝလွန်ရောဂါ ခံစားရတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်နေပါတယ်။ နိုင်ငံကြီး ချမ်းသာလာတာနဲ့ အမျှ၊ စားသောက်နေထိုင်မှု ပုံစံ သက်သောင့်သက်သာ ရှိလာတာနဲ့ အမျှ အဝလွန်လာပြီး ၎င်းနဲ့ ဆက်စပ်တဲ့ ရောဂါများ အဖြစ်များလာတယ် လို့ ဆိုပါတယ်။
ဒါကြောင့် ယခုလိုပဲ ဝိတ်ချလျှင် ရွှေပေးမယ့် ပြိုင်ပွဲများ အမြဲ ကျင်းပပြုလုပ်သွားဖို့ ရှိကြောင်း သိရပါတယ်။
.
Ref: dkyknow
အောင်ခမ်း ( ရိုးရာလေး )

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top