0

ဗြိတိသျှကောင်စီ မှ မန္တလေးရှိ အင်္ဂလိပ်စာ ဘာသာစကား သင်ကြားသူ ဆရာ/ဆရာမများအချင်းချင်း သင်ကြားမှု နည်းလမ်းနှင့် အလေ့အထကောင်းများကို ဝေငှနိုင်ရန် နှစ်ပတ်လည်ညီလာခံ အခမ်းအနားကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့ကဲ့သို့ ၂၀၁၄ ခုနှစ်တွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါညီလာခံကို ၂၀၁၄ ဇန်န၀ါရီလ ၂၅ နှင့် ၂၆ ရက်များတွင် Mandalay Hill Resort တွင်ပြုလုပ်မည်ဖြစ်သည်။ ဆရာ/ဆရာမပေါင်း(၁၀၀)ကျော်ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး အဓိကဟောပြောပွဲတစ်ခုနှင့် အလုပ်ရုံဆွေးနွေးပွဲပေါင်း (၂၀) ကျော်ပါဝင်မည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီ (မြန်မာနိုင်ငံ)၏ ပညာရေးဌာန ညွှန်ကြားရေးမှူး Susana Galvan မှပြောကြား ပါသည်။


ယခုနှစ်အခမ်းအနား၏ ဆောင်ပုဒ်မှာ “Innovations: Making Learning Engaging, Interactive, Accessible and Fun” ဖြစ်ကာ အင်္ဂလိပ်ဘာသာစကား သင်ယူမှုကို စိတ်၀င်စားဖွယ် ဖြစ်စေရန် ဆန်းသစ်တီထွင်သော နည်းလမ်းများ၏ အရေးပါပုံများကို မီးမောင်းထိုးပြသွားမည်ဖြစ်သည်ဟု  ဗြိတိသျှကောင်စီ (မြန်မာနိုင်ငံ)၏ ပညာရေးဌာန မန်နေဂျာ ဒေါက်တာခိုင်ဖြူထွဋ်မှ ရှင်းပြပါသည်။

ဆွေးနွေးပွဲ၏ ပင်မမိန့်ခွန်းကို Macmillan Education ၏ အာရှဒေသတာဝန်ခံ မစ္စတာ ကလိုင်ဒ်ဖောင်းလ် (Product Development and Teacher Training) မှ ၄င်း၏ အင်္ဂလိပ်စာသင်ကြားမှုဆိုင်ရာ၊ ဘာသာစကား အစီအစဉ်များ အုပ်ချုပ်မှုဆိုင်ရာ နှင့် ဆရာ၊မ သင်တန်းပေးမှုများဆိုင်ရာ နှစ်၂၀ ကျော် အတွေ့အကြုံများကို အခြေခံ၍ ပြောကြား ပေးသွားမည်ဖြစ်သည်။ ၄င်းသည် Sheffield Hallam တက္ကသိုလ်မှ M.A. TESOL ရရှိခဲ့ပြီး အင်္ဂလိပ်စာ သင်ကြားမှု နှင့်သက်ဆိုင်သော ဆောင်းပါးများစွာတွင် ရေးသားဖော်ပြခဲ့သူဖြစ်သည်။ ၄င်းမှ ဤအခမ်းအနားတွင် အင်္ဂလိပ်စာသင်ကြားမှု၌ စိတ်၀င်စားဖွယ် ရေပန်းစားနေသော အသုံးအနှုန်းများနှင့် ပတ်သက်၍လည်း ပြောကြားပေးသွားမည်ဖြစ်သည်။

အဆိုပါပွဲနှင့်ပတ်သက်၍ တက်ရောက်ရန်စာရင်းပေးခြင်း၊ အချိန်အစရှိသည့် အသေးစိပ်အချက်အလက်များကို သိရှိလိုပါက ဦးအေးကြူ (ဗြိတိသျှကောင်စီ မန္တလေး) ဖုန်းနံပါတ် ၀၂-၃၃၉၀၄, aye.kyu@mm.britishcouncil.org (သို့မဟုတ်) ဒေါက်တာခိုင်ဖြူထွဋ် (ဗြိတိသျှကောင်စီ ရန်ကုန်) ဖုန်းနံပါတ် ၀၁-၂၄၅၆၅၈၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁ (လိုင်းခွဲ -၃၃၅၇), khaingphyu.htut@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


Ref-Myanmar iCT News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top