0

Google က ဒီနေ့ Platform Versions Page ကို Update လုပ်လိုက်ပြီး Android Device အားလုံးမှာ   Jelly Bean အသုံးပြုသူအရေအတွက် ဟာ 50% ကျော်သွားပြီဆိုတာကို ပြသလိုက်ပါတယ်။ Jelly Bean ( 4.1, 4.2, 4.3 ) အသုံးပြုသူတွေဟာ တဖြည်းဖြည်းတိုးတက်လာရုံတင်မကဘဲ Android Device အားလုံးရဲ့  တစ်၀က်ကျော် မှာ အသုံးပြုနေကြပါတယ်။ တစ်ခြား Android Version တွေကတော့ တစ်ဖြည်းဖြည်းအသုံးပြုမှုနည်းပါးလာကြပါတယ်။


ရာခိုင်နှုန်းတွေကို အသေးစိတ်ဖော်ပြရမယ်ဆိုရင် 52.1% ဟာ Jelly Bean ကိုအသုံးပြုကြပြီး 19.8% ဟာ Ice Cream Sandwich ကိုအသုံးပြုကြပါတယ်။ Honeycomb ကတော့ အသုံးပြုသူမရှိသလောက်ဖြစ်ပြီး 0.1% ဖြစ်ပါတယ်။ Gingerbread က 26.3% နဲ့  Froyo အသုံးပြုသူ 1.7% ကျန်ရှိနေတာတွေ့ရပါတယ်။ ဒီစစ်တမ်းကို နို၀င်ဘာလ (၁) ရက်နေ့ကကောက်ယူခဲ့တာဖြစ်ပါတယ်။

 
အောက်တိုဘာလ (၂) ရက်နေ့က ကောက်ယူခဲ့တဲ့ စစ်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Android 4.3 က 0.8% တိုးတက်လာပါတယ်။ (from 1.5 percent to 2.3 percent)  Android 4.2 က 1.9% တိုးတက်လာပါတယ်။ (from 10.6 percnet to 12.5 percent) Android 4.1 က 0.8% တိုးတက်လာပါတယ်။ (from 36.5 percent to 37.3 percent) Android 4.0  ကတော့ 0.8% ကျဆင်းသွားပါတယ်။ (from 20.6 percent to 19.8 percent)

Gingerbread ကလည်းကျဆင်းသွားပြီး 2.2% ကျဆင်းသွားပါတယ်။ (from 28.5 percent to 26.3 percent) Honeycomb ကတော့ ကျမသွားသလို တက်လဲ မလာဘဲ 0.1% မှာပဲရပ်တည်နေပါတယ်။ Froyo ကတော့ 0.5% ကျဆင်းသွားပါတယ်။ (from 2.2 percent to 1.7 percent) အားလုံးကိုခြုံကြည့်ရင် Jelly Bean ကလူသုံးအများဆုံးဖြစ်ပြီး 2010 က ထုတ်လုပ်လိုက်တဲ့ Gingerbread က ဒုတိယ နေရာကရပ်တည်နေပါတယ်။ ICS က တတိယ နေရာမှာရှိနေပြီး Froyo ကတော့ စတုတ္ထ နေရာ ဖြစ်ပါတယ်။ အောက်မှာတော့ အောက်တိုဘာလ စစ်တမ်းကိုဖော်ပြထားတာပါ။

 
အခုတော့ ဒီပြိုင်ပွဲထဲမှာ Android 4.4 KitKat ပါ၀င်လာပြီဖြစ်ပြီး Jelly Bean က ချန်ပီယံ သရဖူ ကို  ဘယ်လောက်အကြာထိဆောင်းထားနိုင်မလဲဆိုတာစောင့် ကြည့်ရပါမယ်။



Ref-Myanmar iCT

Post a Comment

 
Top