0

ဖုန်းတွေမှာ ပါရှိတဲ့ ပုံမှန် Storage ထက် လေးဆ များပြားတဲ့ Storage ပါရှိတဲ့ ဖုန်းကို တရုတ် ဖုန်းထုတ်လုပ်တဲ့ Company တစ်ခုဖြစ်တဲ့ Meizu ကထုတ်လုပ်လိုက်ပါတယ်။ Meizu MX3 လို့နာမည်ပေးထားပြီး 128GB Internal Storage ပါရှိပါမယ်။ ဒေါ်လာ ၇၀၀ နဲ့ညီမျှတဲ့ တရုတ် ငွေကြေးနဲ့ရောင်းချမှာဖြစ်ပါတယ်။ တရုတ် ပြည်မှာပဲရောင်းချမှာဖြစ်ပြီး China Mobile Network ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။


MX3 ကို ၅.၁ လက်မ 1800×1080 Display တပ်ဆင်ထားပါတယ်။ အနောက်ဖက်မှာ 8MP Camera ကို တပ်ဆင်ထားပြီး Samsung ရဲ့ Exynos 5 Octa Processor ကိုအသုံးပြုထားပါတယ်။ 2GB RAM ပါရှိပြီး အထူက 9.1mm ဖြစ်ပါတယ်။ ဖုန်းမှာ Home Button တစ်ခုပဲပါရှိပါတယ်။

16GB အမျိုးအစားကိုလည်း၀ယ်ယူနိုင်ပြီး ဒေါ်လာ ၄၀၀ သတ်မှတ်ထားပါတယ်။ Exynos 5 Octa Chip , 2GB RAM ပါရှိပါမယ်။

တရုတ်ပြည် ပြင်ပမှာ အသုံးပြုချင်ရင် GSM 2G Network ကိုပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။


Ref-Myanmar iCT

Post a Comment

 
Top