0

HTC က သူ့ရဲ့  HTC One အသုံးပြုသူတွေကို Android 4.4 KitKat ကို Update ပေးဖို့အပြင်းအထန်ကြိုးစားနေသလို Motorola ကလည်း US Carrier အသုံးပြုတဲ့ Moto X ဖုန်းတွေ၊ Verizon အသုံးပြုတဲ့ Droid Ultra, Maxx, Mini ဖုန်းတွေကို Android 4.4 Update ပေးဖို့ပြုလုပ်နေပါတယ်။


ဘယ်အချိန်မှာ Update ပေးမယ်ဆိုတာကိုတော့ Motorola ကပြောကြားခြင်းမရှိသေးပါဘူး။ အချိန်သိပ်မကြာခင်မှာ Update ပေးမယ် လို့  Motorola ရဲ့  ဒုဥက္ကဌ ဖြစ်သူ Punit Soni က Google Plus မှာ အရိပ်အမြွက်ပြောပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ဖုန်းတွေအပြင် တစ်ခြား ဖုန်းတွေကိုလည်း Update ပေးနိုင်ဖို့ တွက်ချက်စဉ်းစားနေတယ်လို့ဆက်ပြောပါတယ်။ Droid RAZR HD, Droid RAZR Maxx HD, Droid RAZR M, Atrix HD , Photon Q 4G LTE ဖုန်းတွေဟာလည်း Update ပေးမယ့် စာရင်းထဲမှာ ဖော်ပြထားပါတယ်။



Ref-Myanmar iCT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top