0

Longitech က iOS 7 မောင်းနင် အသုံးပြုတဲ့ iPhone 5, iPhone 5S , Fifth-Generation iPod Touch တို့အတွက် Game Controller ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဘက်ထရီ ပါရှိတဲ့ Longitech PowerShell Controller ဟာ ဂိမ်းကစားသူတွေအတွက် အဆင်ပြေစေမယ့် Directional Pad ပါရှိပြီး ခလုတ်လေးခု ၊ ဖုန်းရဲ့ ဘေးမျက်နှာပြင် မှာ ခလုတ်နှစ်ခုပါရှိပါတယ်။ Controller ဟာ iPhone, iPod ကိုဖုံးအုပ်ထားမှာဖြစ်ပေမယ့် ကင်မရာ ၊ ပါဝါ ခလုတ်၊ Headphone အပေါက် တို့ကို အသုံးပြုနိုင်ပါတယ်။


Controller မှာ 1500mAh Battery ပါတဲ့အတွက် iOS Device တွေကို အားပြန်သွင်းပေးနိုင်ပါတယ်။ iOS Device တွေကို အားအပြည့်သွင်းပေးနိုင်တယ်လို့ Longitech ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဇွန်လတုန်းက နောက်ထွက်မယ့် iOS မှာ ဂိမ်း လက်ကိုင် တွေအတွက် Specifications တွေကိုထည့်ပေးမယ်လို့ Apple ကပြောခဲ့ပါတယ်။ စက်တင်ဘာလ မှာ iOS 7 ထွက်ရှိလာတဲ့အခါမှာ Game Controller တွေနဲ့ ကစားနိုင်မယ့် ဂိမ်းတွေ ပြုလုပ်နိုင်ဖို့ Programmer တွေအတွက် Specifications တွေပြုလုပ်ပေးလိုက်ပါတယ်။

Longitech က iOS အတွက် ပထမဆုံး Game Controller မဟုတ်ဘဲ MOGA Ace Power Controller တွေ မကြာမီ က ထွက်ရှိခဲ့ပါသေးတယ်။
Lego Lord of the Rings, Bastion, Limbo and Galaxy on Fire 2 တို့အပါအ၀င် Game Controller နဲ့ ကစားနိုင်မယ့် ဂိမ်း အမျိုးအစားပေါင်း သုံးရာ ခန့် iTunes Store မှာ ရှိပါတယ်။

Longitech PowerShell Controller ကို Best Buy နဲ့ Apple Online Store ကနေ ကြိုတင် မှာယူနိုင်ပါပြီ။ တစ်ခြား အရောင်းဆိုင်တွေ မှာလည်း ဒီဇင်ဘာလ မှာ ဒေါ်လာ ၉၉.၉၉ နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။


Ref-Myanmar iCT News

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top