0

 

July လကနေ September လအတွင်းက ဖုန်း Company တွေရဲ့ ဖုန်းရောင်းချရမှုကိုတွက်ချက်ကြည့်တဲ့အခါမှာ Samsung ကသူ့ရဲ့  ထိပ်တန်းပြိုင်ဖက် Company သုံးခုအားလုံးပေါင်းထက်ကိုများပြားနေတာကိုတွေ့ရပါတယ်။ အဲဒီထိပ်တန်းပြိုင်ဖက် Company ထဲမှာ တစ်ချိန်က ဖုန်းဈေးကွက်မှာ ရောင်းအကောင်းဆုံးဖြစ်ခဲ့တဲ့ Apple လည်းအပါအ၀င်ဖြစ်ပါတယ်။ Samsung ရဲ့ အောင်မြင်မှု ဟာ နည်းပညာမြင့်မားတဲ့ ကွဲပြားခြားနားတဲ့ Device တွေကိုထုတ်လုပ်နိုင်တဲ့အချက်နဲ့  ဈေးကွက်မှာ ငွေကြေးသုံးစွဲနိုင်မှုမြင့်မားခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ဗုဒ္ဓဟူး နေ့ကပြုလုပ်ခဲတဲ့ Samsung ရဲ့ အစည်းအဝေးတစ်ခုမှာ ဖုန်းဈေးကွက်မှာ ပြိုင်ဖက်တွေကို အနိုင်ရနေသလို  Tablet ဈေးကွက်မှာလည်း ပြိုင်ဖက်တွေကိုအနိုင်ယူမယ်လို့ပြောကြားခဲ့ပါတယ်။


Samsung ရဲ့ ထိပ်တန်း အရာရှိတစ်ယောက်ဖြစ်သူ Shin Jong-Kyun က သူ့ ၀န်ထမ်းတွေကို သူတို့ရဲ့ Tablets ဈေးကွက်ဟာ တစ်ဖြည်းဖြည်း ကြီးမားလာပြီလို့ပြောကြားခဲ့ပါတယ်။ Samsung ဟာ မကြာမီ မှာ Apple ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ ရောင်းအားအကောင်းဆုံး Tablet ရောင်းချတဲ့ Company ဖြစ်လာမယ်လို့ Shin ကဆက်လက်ပြောဆိုပါတယ်။ အခုနှစ်မှာ Tablets သန်း လေးဆယ်ရောင်းချရမယ်လို့မျော်မှန်းနေပြီး မျှော်မှန်းထားသလိုသာရောင်းချနိုင်ခဲ့ရင် အရင်နှစ်ကရောင်းအားထက် နှစ်ဆ တိုးတက်လာတာဖြစ်ပါတယ်။ Samsung ရဲ့  Tablet ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်လယ်နောက်ပိုင်းမှာ သိသိသာသာတိုးတက်လာတယ်လို့ Shin ကပြောကြားပါတယ်။


Ref-Myanmar iCT

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top