Home
»
မြန်မာ့သတင်း
»
အားကာစား
» COCA-COLA က မြန်မာနိုင်ငံသို့ FIFA WORLD CUP ၏ ဆုဖလားကို ယူဆောင်လာမည်
News Release
from Coca-Cola Myanmar
ရန်ကုန်၊ မြန်မာ၊
နို၀င်ဘာ ၁၂၊ ၂၀၁၃ – ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် FIFA World Cup™ ကို မျှော်မှန်းလျှက် Coca-Cola သည် ကမ္ဘာတွင် လူအများအပြား ပါ၀င်ဆင်နွှဲကြသည့် အခမ်းအနားတစ်ခုကို မြန်မာနိုင်ငံသို့ ဆောင်ကြဉ်းလာမည်ဖြစ်ရာ၊
ထိုရက်သည် တဖြည်းဖြည်း နီးကပ်လာနေပါပြီ။ Coca-Cola စီစဉ်သော FIFA World Cup™၏ ဆုဖလား ခရီးစဉ်သည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ
ရန်ကုန်မြို့တွင် ရောက်ရှိလာမည် ဖြစ်သည်။
Coca-Cola သည် ကမ္ဘာ့ဘောလုံး
အဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်
FIFA World Cup™ ၏ တစ်ခုတည်းသော တွေ့မြင်ရခဲသည့် ဆုဖလားကို
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ယူဆောင်လာမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သူပြည်သားများသည်
ဘောလုံးလောက၏ အမြင့်မားဆုံးသော ဂုဏ်ရှိန်ထည်ဝါမှုဖြစ်သည့် ရွှေသားအစစ်ဖြင့် အတိပြီးသော
ဆုဖလားကို အနီးကပ်ကြည့်ရှုခွင့် ရပါတော့မည်။
Coca-Cola
Myanmar ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဒါရိုက်တာ Rommel P. Fuentebella က “မြန်မာပြည်သူတွေကို
ဟောဒီကမ္ဘာလုံးဆိုင်ရာ အခမ်းအနားနဲ့ ဆက်သွယ် မြင်တွေ့ခွင့်ရအောင် FIFA World Cup™ ရဲ့ ဆုဖလားခရီးစဉ်ကနေFIFA World Cup™ ဆုဖလားကို မြန်မာနိုင်ငံဆီ ယူဆောင်လာခွင့်ရတာ ကျွန်တော်တို့ အလွန်အမင်း
စိတ်လှုပ်ရှားမိပါတယ်။ အထူးသဖြင့် FIFA နဲ့ Coca-Cola က အတူယူဆောင်လာမယ့် FIFA
World Cup™ ရဲ့ ဆုဖလားကို ကိုယ်တိုင်မြင်တွေ့ခွင့် ရတာဟာ
မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။ ဆုဖလားခရီးစဉ် ရောက်ရှိရာ နေရာတိုင်းမှာ ချက်ချင်း
ဓာတ်ပုံထုတ်၊ ချက်ချင်းကြည့်နိုင်အောင် စီစဉ်ထားပါတယ်။ အားလုံးစိတ်၀င်စားကြတဲ့ ရောင်စဉ်တန်းများနဲ့
ပုံဖော်မှု (hologram) အစီအစဉ် ကို မြင်တွေ့တဲ့အခါမှာလည်း ဘောလုံးဝါသနာရှင်တွေရဲ့ စိတ်ကိုဖမ်းစားနိုင်မှာ
အသေအချာပါပဲ” ဟုဆိုပါသည်။
Coca-Cola သည်
FIFA World Cup™ ၏ ဆုဖလား ခရီးစဉ်ကာလ အတွင်း ဈေးကွက်ဖော်ဆောင်မှုဆိုင်ရာ
ကဏ္ဍပေါင်းစုံဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက်လှုပ်ရှားမှု ကို ပုံဖော်လုပ်ဆောင်သွားမည်
ဖြစ်ပါသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သု၀ဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ခင်းကျင်းပြသထားမည့် FIFA World Cup™ သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံမှသာလျှင်
ကိုင်မြှောက်ခွင့်ရှိသော ဆုဖလားပင်ဖြစ်ပါသည်။ ထို ဆုဖလားကို အနီးကပ် ကိုယ်တိုင်လာရောက်
ကြည့်ရှုရန် မြန်မာပြည်ရှိ ပရိသတ်အားလုံးကို ဖိတ်ခေါ်လိုပါသည်။ ကမ္ဘာ့ဘောလုံးလောက၏
အကြီးကျယ်ဆုံး ဆုဖလားကို ကိုယ်တိုင်မြင်တွေ့နိုင်မည့် အခမ်းအနား အကြောင်း အသေးစိတ်နှင့်
လက်မှတ် ရရှိနိုင်မည့်နေရာများကို မကြာခင် သတင်းထုတ်ပြန် ပေးသွားပါမည်။
Coca-Cola မှစီစဉ်သော
ကမ္ဘာတသ်ဝန်းသို့ FIFA World Cup™ ၏ ဆုဖလားခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာလတွင်
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့ (Rio de Janeiro) ရှိ နာမည်ကျော် Christ the
Redeemer ရုပ်ထုရှေ့မှ အခမ်းအနားဖြင့် စတင်ခဲ့ပါသည်။ FIFA World Cup™ တစ်ခုတည်းသော ဆုဖလား အစစ်ကို ပြိုင်ပွဲတစ်ခုစီတွင် အနိုင်ရရှိသည့်
အသင်းမှာ ကိုင်မြှောက် ချီးမြှင့် ခွင့်ရပါသည်။ ယင်းဖလားသည် အမြင့် ၃၆.၈ စင်တီမီတာ
(၁၄.၅ လက်မ)၊ အလေးချိန် ၆,၁၇၅ ဂရမ် (၁၃.၆၁ ပေါင်) ရှိပြီး ၁၈ ကာရတ်ဖြင့် ရွှေအတိ သွန်းလုပ်ထားခြင်းဖြစ်ပါသည်။
အနိုင်ရရှိသည့် အသင်းအား ရွှေအတိဖလားအစား ရွှေပြားကွပ်ထားသည့် FIFA World Cup™ ပုံစံတူ ဆုဖလားကို FIFA World Cup™ နောက်ဆုံးဗိုလ်လုပွဲ အပြီးတွင် ချီးမြှင့်ပါသည်။ မူရင်းဆုဖလားကို
နောက်ထပ် ပြိုင်ပွဲမတိုင်မီအထိ FIFA ဌာနချုပ်တွင် ပြန်လည်ထားရှိပါသည်။ မူရင်းဆုဖလား၏
အောက်ခြေတွင် အလှဆင်သတ္တုစိမ်း (Malachite) နှစ်လွှာပါရှိကာ၊ ဆုဖလား အောက်ဘက်မျက်နှာပြင်တွင်
သွန်ူလုပ်သောနှစ်နှင့် ၁၉၇၄ ခုနှစ်ကတည်းက FIFA World Cup™ ဆွတ်ခူးသည့်နိုင်ငံအမည်များကို ဖော်ပြထားပါသည်။
Coca-Cola ကမ္ပဏီသည်
FIFA နှင့် ၁၉၇၄ ခုနှစ်ကတည်းက ရေရှည် ဆက်ဆံရေး ရှိထားသလို FIFA World Cup™ ၏ တရားဝင် စပွန်ဆာအဖြစ် ၁၉၇၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပါသည်။
Coca-Cola သည် FIFA World Cup™ တိုင်းတွင် ကစားကွင်းအတွင်း ကြော်ငြာများကို
၁၉၅၀ ခုနှစ်ကတည်းက ကြော်ငြာခွင့် ရရှိထားကာ ဘောလုံးပွဲတိုင်းကို ရေရှည်ပံ့ပိုးခဲ့ပါသည်။
ယခုအကြိမ်သည် Coca-Cola နှင့် FOFA တို့ ပူးတွဲဆောင်ရွက်သည့် တတိယအကြိမ်မြောက်အဖြစ်
ကမ္ဘာတစ်ဝှမ်းလှည့်လည်ပြသမည့် ဆုဖလားခရီးစဉ်ဖြစ်ပါသည်။ ပထမဆုံးအကြိမ်အဖြစ် ၂၀၀၆ ခုနှစ်တွင်
စတင်ခဲ့ပြီး ဒုတိယအကြိမ်မှာ ၂၀၁၀ ခုနှစ်တွင် ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့
FIFA ကမ္ဘာ့ဖလား ဆုဖလားခရီးစဉ် လာရောက်မည့်အကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာများတွင်
ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Twitter:
@trophytour
Coca-Cola ကုမ္ပဏီ
(NYSE: KO) သည် စားသုံးသူများအား မောပြေစေသော အချိုရည်နှင့် အခြားအမှတ်တံဆိပ်ပေါင်း
၅၀၀ ကျော်ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး အချိုရည် ကုမ္ပဏီဖြစ်ပါသည်။ Coca-Cola သည် ကမ္ဘာ့တန်ဖိုးအကြီးဆုံးနှင့်
အသိအမှတ်ပြုအခံရဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်ကာ ကျွန်ုတို့ ကုမ္ပဏီ၏ ထုတ်ကုန်အမှတ်တံဆိပ်များထဲတွင်
Diet Coke, Fanta, Sprite, Coca-ColaZero, vitaminwater, Powerade, Minute Maid,
Simply, Georgia နှင့်Del Valle စသည့် စုစုပေါင်းတန်ဖိုး ၁၆ ဘီလီယံကျော် တန်သည့် တံဆိပ်များပါဝင်ပါသည်။
ကျွန်ုတို့သည် တစ်ကမ္ဘာလုံးတွင် လန်းဆန်းစေသော အချိုရည်များ၊ ဖျော်ရည်များ၊ အသင့်သောက်
ကော်ဖီများ၊ သစ်သီးဖျော်ရည်များနှင့် သစ်သီးအချိုရည်များကို ထိပ်တန်းထုတ်လုပ်လျှက်ရှိပါသည်။
ကမ္ဘာ့အကြီးဆုံး
အချိုရည် ဖြန့်ချီရေးစနစ်မှတစ်ဆင့် နိုင်ငံပေါင်း ၂၀၀ ကျော်မှ စားသုံးသူများသည် ကျွန်ုတို့
အချိုရည်များကို တစ်နေ့လျှင် ၁.၈ ဘီလျံကျော် သောက်သုံးကြပါသည်။ ရေရှည်တည်တံ့သော လူမှုအသိုင်းအဝိုင်းများ
တည်ဆောက်နိုင်ရေးကို မဖြစ်မနေ အားထုတ်ရန် ကြံရွယ်လျှက် ကျွန်ုတို့ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်အပေါ်
ဆိုးကျိုးသက်ရောက်မှုနည်းစေရန်၊ ကျန်းမာတက်ကြွသောနေထိုင်မှု Healthy Living ကို ပံ့ပိုးရန်၊
အတူပူးပေါင်းလုပ်ကိုင်သူများအတွက် စိတ်ချလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်နှင့်
လုပ်ငန်းလုပ်ဆောင်ရာ အသိုင်းအဝိုင်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးရန်
စသည်တို့အတွက် အလေးထားကြိုးပမ်းနေပါသည်။ ကျွန်ုတို့၏ အချိုရည်ပုလင်း ထုတ်လုပ်သော ဖက်စပ်လုပ်ငန်းရှင်များနှင့်အတူ
ကျွန်ုတို့တွင် လုပ်ငန်းစနစ် ပူးတွဲလုပ်ကိုင်သူ ၇၀၀,၀၀၀ ကျော်ရှိကာ ကမ္ဘာ့ထိပ်တန်း
ပုဂ္ဂလိက အလုပ်ရှင် ၁၀ ဦးစာရင်းတွင် ပါဝင်ပါသည်။
ပိုမိုသိရှိလိုပါက
Coca-Cola ခရီးစဉ်အကြောင်းကို www.coca-colacompany.com တွင်လည်းကောင်း၊ Twitter လိပ်စာ www.twitter.com/CocaColaCo တွင်လည်းကောင်း၊
Coca-Cola ဘလော့ www.coca-colablog.com တွင်လည်းကောင်း၊
LinkedIn လိပ်စာ www.linkedin.com/company/the-coca-cola-company တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Next
မြန်မာအစိုးရအရာရှိ ၁၀ ဦးပါဝင်သည့် ပထမဆုံးအကြိမ် ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒ တက္ကသိုလ်တွင် GF မှ စီစဉ်ကျင်းပ
Previous
မြန်မာစာကို မြန်မာပြည်ရောက်မှ မြန်မာလို ရေးပြီး မြန်မာလို ဖတ်မရ ဖြစ်တာလား။ ကိုးရီးယားနဲ့ ထိုမ်ဝမ်က မြန်မာစာက၊ အမေရိကန်က မြန်မာစာနဲ့ မတည့်တာလားဆိုတာ……
Related Posts
ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆော[...]
Apr 09, 2014ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်[...]
Apr 09, 2014မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)
တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင[...]
Apr 07, 2014ကြည်နးဂုဏ်ယူစရာကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ ၏မင်္ဂလာဧည့်ခံပွဲ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦး အဖြစ်ထင်ရှားတဲ့ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်း တို [...]
Apr 07, 2014ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA [...]
Apr 07, 2014စစ်တပ်ပိုင် ဂန္ဓမာဟိုးဆေး စင်တာကို မီးအာမခံကြေး သိန်း ၁၄၀၀ ကျော်ပေး
ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ စတင်တည်ထောင်ပြီးနောက်ပိုင်း ပမာဏ အများဆုံး အာမခံကြေးအဖြစ် ပြီးခဲ့တဲ့နှစ်က[...]
Apr 07, 2014FIFA ကမ္ဘာ့ဖလားဆုကြီးကို အမှတ်တရ မြင်တွေ့နိုင်ရန် မြန်မာနိုင်ငံရှိ လူထောင်ပါးမျာစွာထံ coca-cola က တင်ဆက်ပြသ
Normal 0 false false false EN-US X-NONE TH [...]
Dec 27, 2013
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.