0

iOS 7 တင်​ထား​သော ဖုန်းအ​ဟောင်းအား လာ​ရောင်းသည်​ဖြစ်​​စေ မိမိဝယ်​လိုသည်​ဖြစ်​​စေ

သင်​ဝယ်​ယူမည်​ဆိုပါက ထိုဖုန်းအ​ဟောင်းတွင်​ Apple အ​ကောင့်​ ဝင်​ထားလျှက်​ရှိ​နေလားဆိုတာ ​သေချာစစ်​​ဆေးပြီးမှ ဝယ်​ယူကြပါ

Apple အ​ကောင့်​ရှိ​နေပါက ထိုဖုန်းအား​ဖော်​မက်​ချလို့မရပါ ထိုအ​ကောင့်​၏ Password အား​တောင်းပါလိမ့်​မည်​ ။
iTunes ဖြင့်​ iOS ဖန်​ဝဲပြန်​တင်​မည်​ဆိုပါကလဲ မရပါ ထိုရှိ​နေ​သော အ​ကောင့်​ရဲ့ Password အား ​တောင်းပါလိမ့်​မည်​ ။

ထို့​ကြောင့်​ iOS 7 တင်​ထား​သောဖုန်းအ​ဟောင်းအား ဝယ်​​တော့မည်​ဆိုပါက ဖုန်းစက်​တင်​ထဲမှာရှိ​နေ​သော ထိုApple မ​ကောင့်​အား ​လော့​အောက်​လုပ်​၍ ဖျက်​ပြီးမှသာ ဝယ်​ယူကြပါရန်​ ။
တခြားနေရာက Apple ID တွေကို ကိုယ်တိုင်နှိပ်ယုံနဲ့ Logout ဖြစ်သွားတဲ့နေရာတွေပါ ။ 

iOS 7 မှာ သတိထားရမယ်ဆိုတဲ့ နေရာအကောင့်ကတော့ iCloud ထဲက အကောင့်ပါပဲ Logout လုပ်ရင် Pass တောင်းပါလိမ့်မယ် Pass မသိရင် Logout လုပ်မရသလို ဖုန်းကိုလဲ ဘာမှပြင်ဆင်ခွင့်မရပါဘူး ။

သင် ဖုန်း Settings >>> iCloud ထဲက Find My iPhone ကို Off နှိင် Delete Account လုပ်နိုင်မှသာလျှင် သင်ဖုန်းကို ပြင်ဆင်ခွင့်ကို ပိုင်ဆိုင်နိုင်မှာပါ ။
(( ထိုအကောင့်ကို ဖျက်နိုင်ဖို့ရန် အင်တာနက်ရှိဖို့လိုပါတယ် ))



iPhone ​ကောက်​ရသူ ခိုးသူများ ​ရောင်းချမရ​အောင်​ Apple မှ iOS7 တွင်​ ထိန်းချုပ်​​ပေးလာခဲ့ခြင်းပါ။

လက်​ရှိတွင်​ Apple အ​ကောင့်​ရှိ​နေ​သော iOS 7 အား အ​ကောင့်​ Password မသိပဲ အသစ်​တဖန်​ရရှိဖို့ရန်​ Restore လုပ်​ဖို့ရန်​ ​ဖောက်​ထွင်းနိုင်​ခြင်း မရှိ​သေးပါ ဝယ်​မိပါက အလှကြည့်​ဖို့ရန်​သာ ရှိပါတယ်​ ။

Post By : Djjoe Man (MMF)

Post a Comment

 
Top