ပြင်းထန်တဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ
အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ USS George Washington
အမေရိကန်လေယာဉ်တင် စစ်သင်္ဘောကြီးဟာ အခု ဖိလစ်ပိုင်နိုင်ငံကို ဦးတည်
ခုတ်မောင်းနေပါတယ်။ ဖိလစ်ပိုင်မှာတော့ Haiyan တိုင်ဖုန်းမုန်တိုင်းကြောင့်
လူပေါင်းသောင်းဂဏန်း သေဆုံးဖွယ်ရှိပြီး လူပေါင်း သိန်းဂဏန်းဟာ
အိုးအိမ်တွေဆုံးရှုံးပြီး ဘေးဒုက္ခ ရောက်နေကြပါတယ်။
USS George
Washington စစ်သင်္ဘောအုပ်စုဟာ အခု ဗုဒ္ဓဟူးနေ့မှာ ဖိလစ်ပိုင်ကို
ရောက်ရှိလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ George
Little က ပြောပါတယ်။ လေယာဉ်တင် သင်္ဘောကြီးပေါ်မှာတော့ သင်္ဘောသား ၅ ထောင်နဲ့
လေယာဉ်အစင်း ၈၀ ပါရှိပါတယ်။
x
သူတို့အနေနဲ့ ဖိလစ်ပိုင်က
ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့တဲ့ အစားအစာ၊ ရေ၊ ဆေးဝါး၊
နေစရာ အမိုးအကာနဲ့ အခြား သန့်စင်ရေး ပစ္စည်းပစ္စယတွေကို အကူအညီပေးသွားဖို့
ရှိပါတယ်။ အဲဒီသင်္ဘောဟာ တနေ့တနေ့ကို ရေသန့် ဂါလံ ၄ သိန်းကျော်အထိ
ထုတ်လုပ်ပေးနိုင်တယ်လို့ ပင်တဂွန်က ပြောပါတယ်။
ဖိလစ်ပိုင်မှာတော့
အင်္ဂါနေ့အထိ အတိအကျရတဲ့ တရားဝင် သေဆုံးတဲ့ ကိန်းဂဏန်းဟာ ၁၇၇၄ ဦး
ရှိသွားပါပြီ။ ဒေသခံ ဖိလစ်ပိုင် တာဝန်ရှိသူတွေကတော့ သေဆုံးတဲ့အရေအတွက်ဟာ
တသောင်းကျော်မယ်လို့ ခန့်မှန်းထားကြတာပါ။ ဒါပေမဲ့လည်း CNN နဲ့
မေးမြန်းခန်းတခုမှာတော့ သေဆုံး တဲ့အရေအတွက်ဟာ ဒီထက်ပိုနိုင်ပြီး၊ အခုဆိုရင်
တရားဝင် သေဆုံးစာရင်းဟာ ၂ ထောင်နဲ့ ၂ ထောင့် ၅ ရာကြားမှာ ရှိမယ်လို့
ဖိလစ်ပိုင် သမ္မတ Benigno Aquino က ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက
ဘေးဒုက္ခသင့် ပြည်သူတွေအတွက် အကူအညီဒေါ်လာ ၃၀၁ သန်း လိုအပ်တယ်လို့
ကုလသမဂ္ဂရဲ့ လူသားချင်း စာနာအကူအညီပေးရေး အကြီးအကဲ Valerie Amos က
အင်္ဂါနေ့မှာ ပြောပါတယ်။ နိုင်ငံတကာ အကူအညီတွေ အတော်လေး အားကောင်းပေမဲ့
လိုအပ်နေတုန်းပဲလို့ သူက မှတ်ချက်ပြုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
Related Posts
ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား
ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထာ[...]
Apr 09, 2014အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်းက မြေထဲ ပင်လယ်ထဲမှာ လှေနဲ့ မျောနေကြတဲ့ ဒုက္ခသည်ပေါင်း ၄ ထောင် နီးပါးကို ကယ်တင်လိုက်နိုင်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အရေးပေါ် လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ တဖြည်းဖြည်း အခြေအနေ ဆိုးတွေ ပိုတွေ့လာရတယ်လို့ အဲဒီ ပြည်ထဲရေ[...]
Apr 09, 2014အမျိုးသမီးများရဲ့ စကပ်အောက်ကို ဗွီဒီယိုရိုက်ကူးသူ ထောင်ကိုးလကျ
စင်ကာပူနိုင်ငံ Resorts World Sentosa မှာ System Technician အဖြစ် လုပ် ကိုင်နေသူ တစ်ဦးကို အမျိုးသ[...]
Apr 07, 2014ဆော်လမွန်းကျွန်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လူ ၁၅ ဦး သေဆုံး
ဆော်လမွန်းကျွန်းနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် ဧပြီ ၆ ရက်မှာတော့ အနည်းဆုံး လူ [...]
Apr 06, 2014ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေက[...]
Apr 06, 2014ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိ[...]
Apr 06, 2014
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.